Lifestyle: လူငယ်တွေကြားထဲမှာ ကပြပြီး ရန်ပွဲကိုဖြန်ဖြေခဲ့တဲ့ ရဲအရာရှိ

ရဲအရာရှိအမျိုးသမီးရဲ့ လုပ်ရပ်ကို သမ္မတအိုဘားမားတောင် ချီးကျူးခဲ့ရပါတယ်။

play

 

ခိုက်ရန်ဖြစ်ပွားခဲ့ကြတဲ့ ဆယ်ကျော်သက်လူငယ်တွေကို လူစုခွဲဖို့အတွက် ဝါရှင်တန်ရဲအရာရှိတစ်ဦးက ကပြခဲ့ပြီး အာရုံလွှဲခဲ့လို့ အင်တာနက်မှာ လူသိများလာပြီး အမေရိကန်သမ္မတအိုဘာမားကလည်း ချီးကျူးလိုက်ပါတယ်။ လူငယ်တွေကိုလူစုခွဲအပြီးမှာ ကပြခဲ့တဲ့ အမျိုးသမီးရဲအရာရှိနဲ့အတူ လူငယ်တစ်ဦး အပြိုင်ကနေကြတဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

Antwain Bynum ဆိုတဲ့အမည်နဲ့ ဆိုရှယ်မီဒီယာသုံးစွဲသူတစ်ဦးက ဒီဗီဒီယိုဖိုင်ကို တင်ခဲ့တာဖြစ်ပြီး ရဲအရာရှိ အမျိုးသမီးဟာ ဆယ်ကျော်သက်မိန်းကလေးငယ်နဲ့အပြိုင် လူငယ်တစ်ဦးလို သွက်လက်ကစွာ က ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြို့တော်ရဲတပ်ဖွဲ့အကြီးနဲ့ မြို့တော်ဝန်တို့ကလည်း အဆိုပါရဲအရာရှိရဲ့ ထူးခြားတဲ့ စွမ်းဆောင်ချက်ကို ချီးကျူးခဲ့ကြပါတယ်။ အမေရိကန်သမ္မတအိုဘားမားကလည်း တွစ်တာအကောင့်မှာ “ ကျွန်တော်တို့ပြည်သူတွေကို ရဲအရာရှိတွေက လုံခြုံမှုပေးဖို့ ဆောင်ရွက်တဲ့အခါ ပျော်စရာတွေလည်း ပေးသင့်တယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေပါပဲ” လို့ ချီးကျူးရေးသားခဲ့ပါတယ်။

source : www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ