Lifestyle: ဇနီး ၃၃ ဦးယူထားပြီး မိသားစုဝင် တစ်ရာကျော်ရှိတဲ့ အမျိုးသား

တစ်နေ့ကို သူတို့မိသားစုစားသောက်ဖို့ ဆန်နဲ့ အာလူးများစွာ ချက်ပြုတ်ကြရပါတယ်။

play

 

မိသားစုဝင် ၁၈၁ ဦးရှိတဲ့ မိသားစုဓါတ်ပုံကို သင်မြင်ဖူးပါသလား။ အိန္ဒိမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ဇနီး ၃၃ ယောက်ယူထားတာကြောင့် မိသားစုဝင်ပေါင်း တစ်ရာကျော်နဲ့ တမိုးအောက်မှာ အတူနေထိုင်လျှက်ရှိပါတယ်။

အိန္ဒိယနိုင်ငံငံ မီဇိုရမ်ဆိုတဲ့ ပြည်နယ်မှာ နေထိုင်ကြတာဖြစ်ပြီး အဆိုပါ ဒေသဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စယ်မှာ တည်ရှိပါတယ်။ “ကျွန်တော်ကတော့ တစ်နှစ်ကို မိန်းမ ဆယ်ယောက်လောက် ယူလိုက်တာပဲ” လို့ မြေး ၃၃ ဦးရဲ့ အဘိုးဖြစ်သူ ဇီအိုနာချန်နားက ပြောပါတယ်။ သူ့ရဲ့ဇနီးတွေက ဇီအိုနာရဲ့ အိပ်ခန်းနားမှာပဲ အားလုံးစုစည်းနေထိုင်ကြပြီး အမြဲလိုလို ဇီအိုနာရဲ့ ဘေးမှာ မိန်းမ ၇ ဦးသို့မဟုတ် ၈ ဦးလောက်တွေ့ရတက်တယ်လို့ အိမ်နီးနားချင်းတွေက ဆိုကြပါတယ်။

play

အိမ်ထောင်ဦးစီးနှင့် သူ၏ ဇနီးများ

မိသားစုတစ်ရာကျော်ဟာ အိမ်တစ်လုံးတည်းမှာ စုစည်းနေထိုင်ကြပြီး အိပ်ခန်းပေါင်းများစွာ ဆောက်လုပ်ထားရပါတယ်။ အမျိုးသမီးတွေက မီးဖိုချောင်ကိစ္စနဲ့ အခြားအိမ်မှုကိစ္စတွေလုပ်ကြပြီး အမျိုးသားတွေက လယ်ယာနဲ့ အခြား အလုပ်အကိုင်တွေ လုပ်ကြပါတယ်။

play

မိသားစုစားသောက်ရန် ပြင်ဆင်နေသည့် အိမ်သူများ

တစ်မိသားစုလုံးအတွက် တစ်နေ့ကို ထမင်းအချိန် ပေါင် ၂၀၀ လောက်ချက်ရပြီး အာလူးကိုတော့ ပေါင် ၁၃၀ ကျော်လောက်ချက်ပြုတ်ရလေ့ရှိပါတယ်။ “ကျွန်တော်ကတော့ မိသားစုနဲ့ နေ့တိုင်နေဖို့ အဆင်သင့်ပါပဲ။ နောက်ထပ်လည်း မင်္ဂလာဆောင်ချင်ပါသေးတယ်”  လို့ ဇီအိုနာက မယုံနိုင်စရာကောင်းလောက်အောင် ဆန္ဒပြင်းပြနေဆဲပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ