Lifestyle: သက်ရှည်ကျန်းမာဖို့ ရိုးရှင်းတဲ့ နည်းလမ်း ၉ သွယ်

အခုဖော်ပြမယ့် နည်းလမ်းတွေက အသက်ရှည်ဖို့သာမက စိတ်ချမ်းသာမှုကိုပါ ပေးမှာ ဖြစ်ပါတယ်။

play

photo : www.nationalgeographic.com

ကျန်းမာသက်ရှည်စွာနေထိုင်ဖို့ လူတိုင်းအလွယ်တကူလုပ် ဆောင်နိုင်တဲ့နည်းလမ်း ၈ ခုရှိပါတယ်။ ဘာတွေလဲ ကြည့်လိုက်ပါဦး။ အသက်ရှည်ပြီး ပျော်ပျော်နေနိုင်ဖို့ကလည်း အရေးကြီးတယ် မဟုတ်လား။ ဒါတွေက သင့်ကို အထောက်အကူ ပြုပါလိမ့်မယ်။

၁။ အကောင်းမြင်စိတ်ထားခြင်း

အကောင်းမြင်စိတ်ထားပါ။ အကောင်းမြင်စိတ်နည်းလေလေ အသက်တိုဖို့ ရာခိုင်နှုန်းပိုများလေ ဖြစ်ပါတယ်။

၂။ ဝါသနာပါတာလုပ်ပါ

ဝါသနာတစ်ခုရှိတာကောင်းပါတယ်။ သင့်ပတ်ဝန်းကျင်က အသက်ရည်သူတစ်ယောက်ကို ကြည့်လိုက်ပါ။ သူ့မှာ ဝါသနာပါတဲ့အလုပ်တခု ရှိနေတာ တွေ့ရပါလိမ့်မယ်။

play

www.nikkiwoodsmedia.com

၃။ လိင်ဆက်ဆံပါ

မိမိရဲ့ အဖော်မွန်နဲ့ လိင်ဆက်ဆံတဲ့အခါ စိတိစီးမှုတွေကို လျော့ကျစေတာ အတော်များများသိကြပြီး ဖြစ်ပါတယ်။ ကောင်းကောင်းအိပ်စက်နိုင်ဖိုနဲ့ ကိုယ်ခံအား ကောင်းဖို့လည်း ကူညီပေးပါတယ်။

၎။ ခွေးမွေးပါ

ခွေးမွေးတာက သင့်ကို ကိုယ်လက်လှုပ်ရှားပြီးသားလည်း ဖြစ်စေပါတယ်။ ခွေးမွေးထားရင် သင့်ရဲ့ လူမှုပတ်ဝန်းကျင်ဆက်ဆံရေးလည်း ပိုတိုးတက်လာပါတယ်။ ခွေးပိုင်ရှင်တွေက ဖိအားနည်းကြပါတယ်။

play

photo : www.thenest.com

၅။ အသောက်အစားလုပ်ပါ

အမြဲတမ်းသောက်စားခိုင်းတာမဟုတ်ပါဘူး။ ပုံမှန်လေး နည်းနည်းစီ အချိန်ယူသောက်တက်သူတွေက ပိုပြီးကျန်းမာအသက်ရှည်ကြပါတယ်။ နှလုံးရောဂါတွေဖြစ်ဖို့လည်း တားဆီးပေးပါတယ်။

၆။ ဦးနှောက်ကို အလုပ်ပေးပါ

စိတ်ကျန်းမာအောင်နေရင် အိုမင်းရင့်လျော်မှု အလွယ်တကူမဖြစ်စေပါဘူး။ ဦးနှောက်ကို အလုပ်ပေးထားခြင်းက ပြင်ပအသက်အရွယ်မှာ အိုမင်းလာမှုကို တားဆီးပေးပါတယ်။

play

www.provident4women.com

၇။ တက်ကြွလှုပ်ရှားမှုရှိပါ

စိတ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ပြင်ပအခြေအနေကြောင့်ပဲဖြစ်ဖြစ် မှိုင်မှိုင်တွေတွေ မဖြစ်ပါစေနဲ့။ အမြဲလိုလို တက်တက်ကြွကြွနဲ့ လှုပ်ရှားမှု ဖြစ်နေတာ အကောင်းဆုံးပါပဲ။

၈။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ

 အများအားဖြင့် အသီးအရွက်တွေ၊ ပဲတွေနဲ့ ငါးတွေစားသုံးတာက သင့်ရဲ့ခန္ဓာကိုယ်ကို ပိုပြီးနုပျိုစေပါတယ်။ ကျန်းမာသန်စွမ်းအောင် အသားတွေချည်းပဲ နေ့တိုင်းစားနေစရာ မလိုပါဘူး။

play

photo : www.wikiwomenheath.com

၉။ အိပ်ရေးဝဝအိပ်ပါ

နေ့စဉ် ၆.၅ နာရီကနေ ၈ နာရီအထိ အိပ်စက်ချိန်ရတဲ့သူတွေက ပိုပြီးအသက်ရှည်ပါတယ်။ ဒီထက်နည်းရင်တော့ သင်အသက်တိုနိုင်ပါတယ်။

Source : www.buzzfeed.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ