Lifestyle: ဒီဓာတ်ပုံမှာ အဝတ်မဲ့အမျိုးသမီးကို ရှာနိုင်ရဲ့လား

အရင်ဆုံး ဒီဓာတ်ပုံမှာ ကိုယ်လုံးတီး အမျိုးသမီးကို ရှာကြည့်လိုက်ပါ။ ထင်သလောက်တော့ လွယ်မှာမဟုတ်ပါဘူး။ လက်လျှော့လိုက်ပြီဆိုရင်တော့ အောက်ဘက်က ပုံမှာ အဖြေမှန်ကို ကြည့်ရှုနိုင်ပါတယ်။

play

ဒီဓာတ်ပုံကို အမှတ်တမဲ့ကြည့်ရင် နွေဦးရာသီ သစ်ရွက်လေးတွေကြွေနေတဲ့ပုံလေး တစ်ခုလိုပါပဲ။

ဒါပေမဲ့ သေချာကြည့်တဲ့အခါမှာ လက်ရာသေသပ်လှပတဲ့ ခန္ဓာကိုယ်ပန်းချီတွေနဲ့သာ ဖုံးလွှမ်းထားတဲ့ အမျိုးသမီးတစ်ဦး ပါနေတာကို တွေ့ရမှာပါ။

play

 

ပန်းချီဆရာ Jörg Düsterwald က ဓာတ်ပုံဆရာ Tschiponnique Skupin နှင့် မော်ဒယ် Nadine တို့နဲ့အတူ ဂျာမနီနိုင်ငံ၊ လိုးဝါးဆက်ဇိုနီက သစ်တောတစ်ခုထဲမှာ ဖန်တီးထားတာပါ။

Nadine ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို သစ်ပင်တစ်ပင်ရဲ့ ပင်စည်နဲ့ မြေပြင်ပေါ်က သစ်ရွက်တွေနဲ့ လိုက်လျောညီထွေရှိအောင် ဆေးခြယ်ပေးထားတာပါ။  

play

 

Nadine တစ်ယောက် သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ သဘာဝနောက်ခံတွေနဲ့ သဟဇာတဖြစ်အောင် ဆေးခြယ်သမှုကို နာရီပေါင်းများစွာ ဒုက္ခခံခဲ့ရမှာ သေချာပါတယ်။

ပန်းချီဆရာ Jörg ဟာ ကားဂိုဒေါင်တွေ၊ သီချင်းခွေအရောင်းဆိုင်တွေနဲ့  ငါးဖမ်းဆိပ်တွေစတဲ့ နေရာမျိုးစုံမှာလည်း မော်ဒယ်တွေကို ဒီလို ကိုယ်ရောင်ဖျောက်ပုံတွေ ဆွဲပေးနေသူဖြစ်ပါတယ်။

source and photos: www.mirror.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ