Lifestyle: စိတ်ညစ်တဲ့အခါ အမြန်ကုစားနည်း

, updated

စိတ်ညစ်တဲ့နေ့တွေကြုံလာတဲ့အခါ ချက်ခြင်းစိတ်ကိုပြန်လည် လန်ဆန်းလာစေမယ့် နည်းလမ်းတစ်ချို့ရှိပါတယ်။

play

 

ဒီတစ်နေ့လုံးတော့ စိတ်ညစ်စရာတွေချည်း တွေ့နေရပါလား ဆိုတာမျိုး လူတိုင်းတွေးဖူးကြမှာမယ် ထင်ပါတယ်။ သင်လည်း ကြုံဖူးမှာပါ။ ကျွန်တော်တို့အားလုံး စိတ်ညစ်ရတဲ့နေ့တွေရှိခဲ့ဖူးတာ မဟုတ်လား။ ပြီးခဲ့တာတွေ ထားလိုက်ပါ။ နောက်တစ်ခါဒီလိုနေ့မျိုး ကြုံလာခဲ့ရင် အဲဒီတစ်နေ့တာကို ဘယ်လိုဖြတ်သန်းရမလဲဆိုတဲ့ အကြံပြုချက်တွေ အောက်မှာ ဖော်ပြပေးပါ့မယ်။

၁။ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ တွေ့လိုက်ပါ

play

 

မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ စဉ်းစားကြည့်လိုက်ပါ။ သူတို့နဲ့သွားတွေ့ပြီး ကော်ဖီဆိုင် ထိုင်လိုက်ပေါ့။ ပြောစရာတွေတစ်ပုံကြီးကြားထဲမှာ စိတ်ညစ်စရာတွေ ပျောက်သွားပါလိမ့်မယ်။

၂။ မိသားစုဆီဖုန်းခေါ်ပါ

play

 

အိမ်ကို ဖုန်းလှမ်းဆက်ပါ။ သင့်ရဲ့ဖုန်းကို မလွတ်တမ်းကိုင်မယ့်သူဟာ အဖေနဲ့အမေသာလျှင်ဖြစ်တယ်ဆိုတာ သတိရပါတယ်။ အမေနဲ့ အဖေ့ဆီဒါမှမဟုတ် မောင်နှမဆွေမျိုးတွေဆီ ဖုန်းခေါ်လိုက်ပါ။ သင့်အတွက် အကောင်းဆုံး ဖုန်းပြောဖော်ဟာ အမေဆိုတာ မမေ့ပါနဲ့။

၃။ အခန်းထဲပဲ အောင်းမနေနဲ့

play

 

အိမ်ထဲအောင်းပြီး တစ်နေကုန် facebook သုံးတာမျိုးချည်းပဲ လုပ်မနေပါနဲ့။ ဖုန်းတွေ ကွန်ပျူတာတွေ ပိတ်လိုက်ပါ။ အပြင်ထွက် လေကောင်းလေသန့်ရမယ့်နေရာသွား၊ မုန့်စား ဒါမျိုးလုပ်ပေါ့။ အပြင်ထွက် တာက သင့်ရဲ့တစ်နေ့တကို အပြောင်းအလဲဖြစ်စေမှာပါ။

၎။ ရှော့ပင်း ထွက်

play

 

ညစ်စရာတွေ့လာပြန်ပြီလား။ရှော့ပင်းထွက်လိုက်ပါ။ အရင်ကဝယ်မယ်ဆိုပြီး စဉ်းစားထားတွေ ဝယ်ဖို့ အချိန်ရောက်လာပြီလို့သာ မှတ်ပါ။ တစ်ခါတစ်ရံ ကိုယ့်ကိုကိုယ်လည်း ဂရုတစိုက် ပြုစုသင့်တယ်ဆိုတာ မမေ့ပါနဲ့။

၅။ သူများကို ကူညီပါ

play

 

သူများကူညီလို့ရလာတဲ့ ခံစားချက်က ဘာနဲ့မှ မတူပါဘူး။ အရမ်းကြည်နူးရတဲ့ အရာဖြစ်ပါတယ်။ ကိုယ့်ကြောင့် သူတပါး အဆင်ပြေသွားတာ၊ ပျော်သွားတာကို မြင်ရတဲ့အခါ အပျော်တွေဟာ သင့်ဆီ ပြန်ရောက်လာပါလိမ့်မယ်။

ှSource : www.elitedaily.com, photo : www.sportskeeda.com/www.gossip.friendite.com/www.eightymphmom.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ