Lifestyle: မော်ရင်ဟိုကို မင်္ဂလာဆောင်တောင် မဖိတ်တော့တဲ့ အီဗာကာနီရို

မော်ရင်ဟိုသာ မကပဲ လက်ရှိချယ်လ်ဆီးကစားသမားလည်း တစ်ဦးမှ သူမရဲ့မင်္ဂလာပွဲမှာ မတွေ့ခဲ့ရပါဘူး။

play

 

ဘောလုံးလောကမှာ ဘယ်လောက်ပင်အောင်မြင်ပါစေ မော်ရင်ဟိုကို မင်္ဂလာဆောင်တောင် မဖိတ်ချင်လောက် အောင်မုန်းတီးနေတဲ့ ချယ်လ်ဆီးဝန်ထမ်းဟောင်းတစ်ဦးရှိပါတယ်။ ဘယ်သူများပါလိမ့်။ အီဗာကာနီရိုပါ ဖြစ်ပါတယ်။

play

 

ချယ်လ်ဆီးအသင်းရဲ့ ဆေးမှူးဟောင်းတစ်ဦးဖြစ်ခဲ့ပြီး မော်ရင်ဟိုနဲ့ လူသိရှင်ကြားပြဿနာတက်ခဲ့ပြီးတဲ့ နောက်ပိုင်း အသင်းနဲ့အတူကွင်းထဲကို လိုက်ပါတာဝန်ထမ်းဆောင့် ပိတ်ခဲ့ရသူက ကာနီရိုဖြစ်ပါတယ်။ အခုတော့ သူမ မင်္ဂလာဆောင်သွားပါပြီ။ မော်ရင်ဟိုတင်မဟုတ်ပါဘူး။ သူမဂရုစိုက်ခဲ့ရတဲ့ ချယ်လ်ဆီးကစားသမားတွေကို တောင် သူမရဲ့ မင်္ဂလာပွဲမှာ မတွေ့ခဲ့ရပါဘူး။ သူမရဲ့ ခင်ပွန်းသစ်ကတော့ စီပွားရေးအကြံပေးပုဂ္ဂိုလ် ဂျေဆင်ဒီကာတီရက် ဖြစ်ပါတယ်။

play

 

သူမရဲ့မင်္ဂလာပွဲကို တက်တဲ့ချယ်လ်ဆီးကစားသမား(ဟောင်း)ဆိုလို့ ဂိုးသမားရှဝါဇာတစ်ဦးသာ ရှိခဲ့ပါတယ်။ ရှဝါဇာကလည်း အခု လက်စ်တာအသင်းရဲ့ ကစားသမားဖြစ်နေပါပြီ။

play

 

 သြဂုတ်လတုန်းက ဆွမ်ဆီးနဲ့ ကန်ရတဲ့ ပွဲမှာ ချယ်လ်ဆီးဟာ အနိုင်ရဖို့ ရုန်းကနေရတဲ့ အချိန်ကစပြီး ဒီပြဿနာဖြစ်ခဲ့တာပါ။ ပွဲချိန်ပြီးဖို့ နီးလာတဲ့ အချိန်မှာ လဲကျနေတဲ့ ချယ်လ်ဆီးကစားသမား ဟာဇက်ရဲ့အနားကို ပြေးသွားပြီး ဆေးကုသပေးလိုက်လို့ အချိန်ကုန်တယ်ဆိုပြီး မော်ရင်ဟိုက အီဗာကာနီရိုကို ဝေဖန်ခဲ့တာပါ။ အဲဒီကတဆင့် ကာနီရိုဟာ ဘောလုံးပွဲရဲ့ အခြေအနေကို နားမလည်ဘူးဆိုပြီး မော်ရင်ဟိုက စွပ်စွဲကာ နည်းပြအာဏာသုံးပြီး ကာနီရိုကို ကွင်းထဲ မလိုက်ခိုင်းတော့ပါဘူး။

play

 

နောက်ပိုင်းမှာတော့ ကာနီရိုက ချယ်လ်ဆီးနဲ့ မော်ရင်ဟိုကို တရားစွဲဖို့ ရှေ့နေကတဆင့်သတိပေးစာ ပေးခဲ့တယ်လို့ သိရပါတယ်။ ချယ်လ်ဆီးဟာ အဲဒီအချိန်ကတည်းကစပြီး အခုကာနီရိုမင်္ဂလာဆောင်တဲ့ အထိ ရလဒ်ကောင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

Source & Photos : www.dailymail.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ