Lifestyle: တကိုယ်ရေသမားဘဝကို နုတ်ဆက်တဲ့ အနေနဲ့ ဖန်သားတံတားပေါ်မှာ အနမ်းခြွေကြ

အတိတ်က တကိုယ်တည်းနေခဲ့ရတဲ့နေ့တွေကို လုံးဝစွန့်လွှတ်လိုက်တဲ့ အထိမ်းအမှတ်နဲ့ လုပ်ကြတာပါ။

play

 

တကိုယ်တည်းသမားတွေအတွက် မျက်စိနှောက်စရာ သတင်းတစ်ပုဒ်လို့ ဆိုနိုင်ပါတယ်။ တရုတ်မှာကျင်းပတဲ့ တစ်ကိုယ်တည်းလူပျိုကြီးများနှစ်ပတ်လည်နေ့မှာ စုံတွဲအချို့က ဖန်သားတံတားပေါ်သွားပြီး အနမ်းပေးကြတဲ့ အစဉ်အလာ ခေတ်စားလာတာဖြစ်ပါတယ်။

play

 

နိုဝင်ဘာလ ၁၁ ရက်နေ့ဟာ တရုတ်ပြည်မှာ တကိုယ်ရေသမားတွေရဲ့ နှစ်ပတ်လည်အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ စုံတွဲအချို့က မကြာသေးခင်ကမှ ဆောက်လုပ်ထားတဲ့ နာမည်ကျော်ဖန်သားတံတားပေါ်မှာ အနမ်းပေးကြပြီး အထူးအဆန်းလုပ်ပြန်လိုက်ပါတယ်။ အတိတ်က တကိုယ်ရေးသမားဘဝကို အပြီးအပိုင်စွန့်လွှတ်တဲ့ အထိမ်းအမှတ်အနေနဲ့ သူတို့ကချစ်သူကိုယ်စီနဲ့ ဖန်သားတံတားပေါ်မှာ အနမ်းခြွေခဲ့ကြတာပါ။

play

 

မီတာ ၁၈၀ မြင့်မားပြီး မီတာ ၃၀၀ ရှည်လျားတဲ့ ဖန်သားတံတားပေါ်ဒီလို ထူးထူးခြားခြား လုပ်ပြခဲ့ကြတာ ဖြစ်ပါတယ်။

www.chinanews.com

Soucre and Photos : www.chinanews.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ