Lifestyle: ကမ္ဘာမှာ အပျော်ရဆုံး အလုပ်အကိုင်များ

ငွေကြေးလုပ်ခလစာထက်ထက်ပိုအရေးပါတာက ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ ရှိနေရတာကို ကျေနပ်ပျော်ရွှင်နေနိုင်ဖို့ ဖြစ်ပါတယ်။

play

 

ကိုယ်လုပ်နေရတဲ့အလုပ်ပေါ်မှာ ချစ်ခင်မြတ်နိုးစိတ်နဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်နေဖို့က အရေးကြီးပါတယ်။ ကမ္ဘာမှာ ကိုယ့်အလုပ်ကို ကျေနပ်နေသူများစွာရှိသလို မကျေနပ်နေသူတွေလည်း ရှိနေမှာပါ။ ကမ္ဘာမှာ အပျော်ရွှင်ဆုံး အလုပ်သမားတွေက ဘယ်နယ်ပယ်ကပါလိမ့်။ ဂါးဒီးယန်းသတင်းစာက လေ့လာမှုအရတော့ ကိုယ့်အလုပ်ပေါ် ကိုယ်ကျေနပ်ပျော်ရွှင်နေသူတွေထဲမှာ ဆရာ၊ဆရာမတွေနဲ့ ဥယျာဉ်မှူးတွေလည်း ပါဝင်ပါသတဲ့။

play

 

ကိုယ့်အလုပ်ကိုယ် အပျော်ရွှင်ဆုံးလုပ်တက်သူတွေကတော့ အင်ဂျင်နီယာတွေပါတဲ့။ အင်ဂျီနီယာ ၉ ဦးမှာ ၆ ဦးလောက်က ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ရတာ ပျော်နေကြပါတယ်။ လုပ်ငန်းတစ်ခုအတွက် ဒီဇိုင်းရေးဆွဲပေးလိုက်ပြီးတဲ့နောက် ကိုယ့်ရဲ့ဒီဇိုင်းအောင်မြင်နေတာ မြင်လိုက်ရတဲ့ အရသာကို သူတို့က နှစ်သက်ကြတာဖြစ်ပါတယ်။  နောက်ထပ် ကိုယ့်အလုပ်ကို ကိုယ်ကျေနပ်နေသူတွေကတော့ ဆရာမတွေနဲ့ သူနာပြုတွေဖြစ်ပါတယ်။ ဆရာမနဲ့ သူနာပြု ကိုးဦးမှာ ငါးဦးလောက်က ကိုယ့်ရဲ့အလုပ်ကို ကိုယ်ကျေနပ်နေသူတွေပါ။ ဒါကိုကြည့်ခြင်းအားဖြင့် အလုပ်အပေါ် ပျော်ရွှင်မှုဟာ ငွေကြေးတစ်ခုတည်းကြောင့် မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာ အလုပ်နဲ့ သူနာပြုအလုပ်ဟာ ငွေကြေးများစွာ မရတက်လို့ပါပဲ။

play

 

 ဆေးဝါးကျွမ်းကျင်ပညာရှင်တွေကလည်း သူတို့ရဲ့အလုပ်ကို ကျေနပ်သူတွေဖြစ်ကြပါတယ်။ လူတွေရဲ့ အသက်နဲ့ ကျန်းမာရေးအတွက် ဖြည့်ဆည်းပေးရတာ ကိုကျေနပ်တာပါလို့ ဆိုကြပါတယ်။ နောက်အလုပ်ကတော့ ဥယျာဉ်မှူးအလုပ်ဖြစ်ပါတယ်။ ဥယျာဉ်မှူးအလုပ်က လွတ်လပ်လို့ ကြိုက်နှစ်သက်ကြတာပါလို့ ဖြေကြပါတယ်။

play

 

ဆောက်လုပ်ရေးအင်ဂျင်နီယာတွေနဲ့ ပုဂ္ဂိုလ်ရေးလက်ထောက်အလုပ် လုပ်ကိုင်နေကြသူတွေကလည်း အခြားသူတွေထက်စာရင်း ကိုယ့်အလုပ်ပေါ်မှာ ကျေနပ်ပျော်ရွှင်သူတွေဖြစ်ကြပါတယ်။

Source & Photos : www.theguardian.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ