AD
AD
AD
play

 

သားအိမ်ကင်ဆာဖြစ်နေသော အမျိုးသမီးများတွင် သန္ဓေတားဆေးသောက်သုံးနေသည့် သူများသည် မသောက်သုံးသည့် အမျိုးသမီးများထက် ကျန်းမာရေးကောင်းကြောင်း Mayo ဆေးခန်း၏ သုတေသနတစ်ခုအရ သိရခြင်းဖြစ်သည်။

ယခင်လေ့လာမှုတစ်ခုအရ ငါးနှစ်ကြာ သန္ဓေတားဆေးသောက်သုံးသူများတွင် သားအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့ကျကြောင်းနှင့် ၁၀ နှစ်နှင့်အထက် သန္ဓေတားဆေးသောက်ဆုံးသူများမှာ အဆိုပါရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုလျော့ကျသွားကြောင်း တွေ့ရှိခဲ့ရပြီးဖြစ်သည်။

play

 

သားအိမ်ကင်ဆာမှာ အမျိုးသမီးများ ဖြစ်ပွားမှုအများဆုံးတစ်ခုဖြစ်သော အသက်အန္တရာယ်ရှိတဲ့ရောဂါဖြစ်သည်။ အမျိုးမျိုးသော လေ့လာမှုများစွာအရ သန္ဓေတားဆေးသောက်သုံးခြင်းနှင့် သားအိမ်ကင်ဆာရောဂါဖြစ်ပွားနှုန်းလျော့ကျမှုက ဆက်စပ်မှုရှိနေကြောင်း Maya ဆေးခန်းမှ ဒေါက်တာ အမီနာဂျက်တိုအီက ပြောကြားခဲ့သည်။

ယခုလေ့လာမှုအတွက် သုတေသီများက Mayo ဆေးခန်းတွင် သားအိမ်ကင်ဆာကုသနေသော အမျိုးသမီး ၁,၃၉၈ ဦးကို လေ့လာထားခြင်းဖြစ်သည်။

Source: www.upi.com

Photos: www.express.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD