Lifestyle: ပျော်ရွှင်နေချိန်မှာ လူတွေငိုကြတဲ့ အကြောင်းရင်း

ပျော်ရွှင်ချိန်မှာ မျက်ရည်ကျတာ ဒါမှမဟုတ် ဆိုးရွားမှုတွေ ကြုံတွေ့ရချိန်မှာ စိတ်လှုပ်ရှားပြီးရယ်မောတာ စတဲ့ လူတွေရဲ့ ခံစားချက်အပေါ် တုံ့ပြန်မှုက အစီအစဉ်တကျ ဘာလို့ ဖြစ်မနေသလဲဆိုတာကို လေ့လာမှုတစ်ခုက ရှင်းပြထားပါတယ်။

play

 

“လူတွေက ဒီလိုမျက်နှာအမူအရာတွေနဲ့ သူတို့ရဲ့ခံစားချက်ကို ဟန်ချက်ညီအောင် ပြန်လုပ်ကြပါတယ်” လို့ ယေးလ် တက္ကသိုလ်က စိတ်ပညာရှင် အိုရီယာနာအာရာဂွန်က ပြောပါတယ်။

play

အပြုသဘောဆောင်တဲ့ ဖြစ်ရပ်တွေကို အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေနဲ့ တုံ့ပြန်တတ်တဲ့ ဥပမာတွေ အများကြီးရှိပါတယ်။ စစ်မြေပြင်ကပြန်လာတဲ့ ခင်ပွန်းကို ငိုပြီးနှုတ်ဆက်တဲ့ဇနီးသည်၊ ဂျက်စတင်ဘီဘာရဲ့ ဂီတပွဲမှာ အော်ဟစ်ကြတဲ့ ဆယ်ကျော်သက်မလေးတွေစသည်ဖြင့်ပေါ့။

play

 

အရမ်းချစ်ဖို့ကောင်းတဲ့ကလေးတွေမြင်ရင်လည်း တချို့မှာ ကလေးရဲ့ပါးကို ဆိတ်ဆွဲလိုက်ရမှ ကျေနပ်ကြတာလေ။

အဲဒီလိုပဲ ကြောက်လန့်တဲ့အချိန်၊ အခက်အခဲနဲ့ ကြုံတွေ့ကြချိန်မှာ တချို့က ကြောက်ကြောက်နဲ့ ရယ်တတ်ကြပြီး တချို့ကလည်း အရမ်းဝမ်းနည်းနေချိန်မှာ ပြုံးတတ်ကြတယ်လို့ စိတ်ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Source : www.futurity.org

Photos : www.futurity.org, static1.1.sqspcdn.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ