Lifestyle: သူဌေးကြီးတစ်ဦးက ၇ နှစ်အရွယ် သမီးအတွက် ဒေါ်လာ ၄၈ သန်းတန် စိန်ကို ဝယ်ယူ

ဟောင်ကောင်သူဌေးကြီးတစ်ဦးက ဂျနီဗာမြို့မှာ လေလံတင်တဲ့ ၁၂.၀၃ ကာရက်ရှိ စိန်ပြာတစ်လုံးကို ဒေါ်လာ ၄၈.၄ သန်းဖြင့် စံချိန်တင် ဝယ်ယူခဲ့ပါတယ်။

play

 

သူ့သမီး ဂျို့စဖင်းအတွက်  ဝယ်တဲ့ အဲဒီစိန်ကို ‘ဂျို့စဖင်းရဲ့ လမင်းပြာ’ ဟု နာမည်ပေးထားတယ်လို့ သူဌေးကြီး ဂျိုးဆက်လူက ပြောပါတယ်။ အဆိုပါဝယ်ယူမှုက  စိန်ထည်အားလုံးမှာ ကမ္ဘာ့အမြင့်ဆုံးဈေးနှုန်းဖြစ်တယ်လို့ Sotheby လေလံကုမ္ပဏီ က ဆိုပါတယ်။

play

 

ဘီလျံနာ ဂျိုးဆက်လူက သူ့သမီးအတွက် အဖိုးတန်ရတာကို ဝယ်ယူတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်မှာ လာဘ်ထိုးမှု၊ ငွေကြေးခဝါချမှုများနှင့် ပြစ်ဒဏ်ကျခံခဲ့ရဖူးသည့် မစ္စတာလူက နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဒေါ်လာ ၂၈.၅ သန်းတန် ပန်းရောင် စိန်တစ်လုံးကို ဝယ်ယူခဲ့သေးတယ်လို့ ဆိုပါတယ်။ အဲဒီစိန်ကို ‘ဆွိဂျိုစဖင်း’ လို့ နာမည်ပေးထားပါတယ်တဲ့။

play

 

၂၀၀၉ ခုနှစ်တုန်းကလည်း သူ့သမီးအတွက် ၇.၀၃ ကာရက်ရှိတဲ့ စိန်ပြာတစ်လုံးကို ဒေါ်လာ ၉.၅ နဲ့ စံချိန်တင် ပေးဝယ်ခဲ့ပြီး ‘ဂျို့စဖင်းရဲ့ ကြယ်တာရာ’ လို့ နာမည်ပေးခဲ့ပါတယ်။

မြင်သူတိုင်းကတော့ ယခုနောက်ဆုံး နိုဝင်ဘာလ (၁၁) ရက်မှာ ဝယ်ယူခဲ့တဲ့ စိန်ကတော့ ဘယ်စိန်နဲ့မှ မတူဘဲ အရမ်းလှတယ်လို့ ဆိုပါတယ်။

Sources and Photos: www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ