Lifestyle: ဂိမ်းကုမ္ပဏီက ဝန်ထမ်းတွေကို နှိပ်ပေးဖို့ အမျိုးသမီးဝန်ထမ်းငှားရမ်း

အလုပ်ချိန်ကြာမြင့်စွာ လုပ်ရတဲ့အတွက် ဝန်ထမ်းတွေကို စိတ်ဓါတ်တက်ကြွအောင် လုပ်တာလည်းဖြစ်ပါတယ်။

play

 

ရှန်ဟိုင်းဂိမ်းကုမ္ပဏီတစ်ခုက အညောင်းမိပြီး တစ်ချိန်လုံးအလုပ်သာ ဖိလုပ်နေရတဲ့ ဝန်ထမ်းတွေ အပန်းပြေစေဖို့ အတွက် အမျိုးသမီးနှစ်ဦးကို ငှားရမ်းလိုက်ပါတယ်။ ဒီအမျိုးသမီးနှစ်ဦးက ဂိမ်းကုမ္ပဏီဝန်ထမ်းတွေကို ဇက်ကြောနှိပ်ပေးတာမျိုး၊ ခဏစကားပြောပေးတာမျိုးတွေ လုပ်ရမှာပါ။

play

 

အဆိုပါ ဂိမ်းကုမ္ပဏီမှာရှိတဲ့ ပရိုဂရမ်မာသမားတွေနဲ့ အခြားသော ဌာနက အလုပ်ချိန်ကြာမြင့်စွာ လုပ်နေရတဲ့ဝန်ထမ်းတွေ အပန်းပြေစေဖို့ ရည်ရွယ်တာပါ။ တရုတ်ပြည်မှာ ကျင်းပတဲ့ Single’s Day (တကိုယ်ရေသမားများနေ့) မတိုင်ခင် တစ်ရက်အလိုမှာ အလုပ်စားပွဲထဲ ခေါင်းနှစ်နေကြရတဲ့ ဝန်ထမ်းတွေအတွက် မန်နေဂျာက အဆိုပါအမျိုးသမီးနှစ်ဦးကို ခန့်ထားလိုက်တာဖြစ်ပါတယ်။

play

 

အထူးသဖြင့် ကွန်ပျူတာပရိုဂရမ်မာသမားတွေအတွက် စိတ်ဓာတ်ပြန်လည်တက်ကြွ လန်းဆန်းစေဖို့ ရည်ရွယ်တာပါ။ ဓာတ်ပုံတွေထဲမှာ ဝန်ထမ်းအချို့က ဒီအစီအစဉ်ကို ကြိုက်ကြပေမယ့် အချို့တော့ နှစ်သက်ပုံ မရပဲ ပြုစုဖို့ ကြိုးစားနေတဲ့ မိန်းကလေးတွေကို ငြင်းဆန်နေတာ တွေ့ရပါတယ်။

play

 

ဒီကုမ္ပဏီရဲ့ အစီအစဉ်ကမဆိုးလှပေမယ့် ဘေဂျင်းမှာရှိတဲ့ နည်းပညာကုမ္ပဏီက ပေးခဲ့တဲ့ အပိုဆုကြေးကိုတော့ မမီသေးပါဘူး။ ဘေဂျင်းနည်းပညာကုမ္ပဏီက နှစ်ပတ်လည်အပိုဆုကြေးကို ဂျပန် Porn star တွေနဲ့ တစ်ညတာ အိပ်စက်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။

Source and Photos : www.shanhaiist.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ