AD
AD
AD
play

 

အောင်ပွဲခံတဲ့အခါ သောက်သုံးကြတဲ့ ရှန်ပိန်နဲ့ ဝိုင်တို့လိုသောက်စရာမျိုးတွေကို နေ့စဉ်သောက်သုံးရင် ဦးနှောက်မှတ်ဥာဏ် ပိုကောင်းစေတယ်လို့ သုတေသီတွေက အကြံပြုလိုက်ပါတ်။ အထူးသဖြင့် မှတ်ဥာဏ်ကောင်းစေတဲ့ဓါတ်ကို ဝိုင်ထုတ်လုပ်တဲ့ စပျစ်သီးအနက်ရောင်နဲ့ အနီရောင်တို့မှာ တွေ့ရတာဖြစ်ပါတယ်။

play

 

ဒါကိုလေ့လာခဲ့တဲ့ ဇီဝဓါတုပါမောက္ခ ဂျရယ်မီးစပန်ဆာက “ မှတ်ဥာဏ်ချို့ယွင်းတာက အသက် ၄၀ လောက်မှာ စတက်တယ်။ အသက် ၈၀ လောက်အထိပေါ့။ အသက် ၄၀ မတိုင်ခင် ဒါတွေများများ သောက်သုံးထားမယ် ဆိုရင် မှတ်ဥာဏ်ကောင်းဖို့ အကူညီပေးမှာပါ” ဆိုပြီး ဒါကိုလေ့လာခဲ့တဲ့ ဇီဝဓါတုပါမောက္ခဂျရယ်မီးစပန်ဆာက ပြောထားတာပါ။ ၂၀၀၉ ခုနှစ်တုန်းကလည်း ဒီသုတေသီတွေလေ့လာချက်အရ ရှန်ပိန်နဲ့ ဝိုင်တို့ဟာ နှလုံးကို အားကောင်းစေတာ သေချာတယ်လို့ တွေ့ရှိထားခဲ့ဖူးပါတယ်။ အယ်လ်ကိုဟော အနည်းအကျဉ်း သောက်သုံးခြင်းက မှတ်ဥာဏ်ပိုပြီးအားကောင်းစေတယ်ဆိုတာကို ကြွက်တွေနဲ့ အရင်စမ်းသပ်ခဲ့ပြီး ၅၀ ရာခိုင်နှုန်းလောက် အောင်မြင်ခဲ့တာပါ။

play

 

ဒါပေမယ့် လေ့လာမှုကို ပြုလုပ်ထားတာ အစပဲရှိသေးလို့ လူတွေအနေနဲ့ ကန်ပိန်းလုပ်ဖို့ ရှန်ပိန်နဲ့ ဝိုင်တွေ အလန်အကျွံအသောက်သင့်သေးတဲ့အကြောင်း အတိတ်မေ့ရောဂါနဲ့ပတ်သတ်တဲ့ အဖွဲ့အစည်းက တာဝန်ရှိသူကက တိုက်တွန်းထားကြောင်းပါ။

Source : www.telegraph.co.uk

Photos : www.medicaldaily.com, www.telegraph.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD