Lifestyle: မြန်မာများ၏ ဖုန်းငွေဖြည့်ကတ် တစ်လအသုံးစရိတ်စစ်တမ်း

စစ်တမ်းအရတော့ တစ်လကိုငါးထောင်အောက်သုံးစွဲသူဟာ အတော်လေးကို နည်းပါးပါတယ်။

play

 

မြန်မာနိုင်ငံက မိုဘိုင်းအသုံးပြုသူတွေ တိုးတက်လာပြီနောက်ပိုင်း တစ်ဦးချင်စီက မိုဘိုင်းလစဉ် ငွေဖြည့်ကတ် အတွက်ဘယ်လောက်အကုန်အကျခံသလဲဆိုတာကို စစ်တမ်းပြုစုထားတာ ထွက်ပေါ်လာပါပြီ။ Mell အက်ပလီကေးရှင်းအသုံးပြုကြသူ ၂၆၇ ဦးကို စစ်တမ်းကောက်ယူပြီးတွက်ချက်မှုအရ မြန်မာပြည်သူတွေရဲ့ တစ်လတာမိုဘိုင်းငွေဖြည့်ကတ် သုံးစွဲမှုကို အကြမ်းဖျဉ်းဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

play

 

၁။ လစဉ် ငါးထောင်နဲ့ တစ်သောင်းအကြား သုံးစွဲသူက အများဆုံးဖြစ်ပါတယ်။ တစ်သောင်းပြည့်လုနီးနီးအထိ ဖုန်းဘေလ်ကိုသုံးစွဲကြသူများပါတယ်။ တစ်လကို နှစ်သောင်းကနေ သုံးသောင်းကျပ်အကြား သုံးစွဲသူ အနည်းငယ ရှိပါတယ်။ ဒါပမယ့် တစ်လကို မိုဘိုင်းလ်ဖုန်းငွေ သုံးသောင်းကျော် သုံးစွဲသူက နှစ်သောင်းကနေ သုံးသောင်းကျပ်အကြား သုံးစွဲသူထက် ပိုများနေတာ တွေ့ရပါတယ်။

play

 

၂။ အမျိုးသားနဲ့ အမျိုးသမီး ဖုန်းဘေလ်သုံးစွဲမှုကိုလည်း စစ်တမ်းကောက်ယူခဲ့ပါသေးတယ်။ တစ်လကို ငါထောင်ကျပ်အောက် ဒါမှမဟုတ် ငါးထောင်အထိပဲ သုံးစွဲသူအမျိုးသားနဲ့ အမျိုးသမီးကို ခွဲခြားလိုက်တဲ့အခါ အမျိုးသမီးဦးရေက ပိုများပါတယ်။ တစ်လကို တစ်သောင်းကျပ်အထိ သုံးစွဲသူတွေကို ရေတွက်ရာမှာတော့ အမျိုးသားဦးရေက ပိုများနေပါတယ်။ တစ်သောင်းကျပ်နဲ့ အထက် မိုဘိုင်းငွေဖြည့်ကတ်သုံးစွဲသူတွေမှာ အမျိုးသားအရေအတွက်က ပိုများပါတယ်။ ဒီတော့ယျေဘုယျအားဖြင့် အမျိုးသားတွေက မိုဘိုင်းငွေဖြည့်အတွက် အကုန်အကျပိုခံတယ်လို့ ဆိုနိုင်ပါတယ်။

play

 

၃။ အသက်အပိုင်းအခြားအလိုက် စစ်တမ်းကောက်ရာမှာတော့ ဖုန်းငွေဖြည့်ကတ် ငါးထောင်ကနေ တစ်သောင်းကြားသုံးစွဲသူတွေထဲမှာ အသက် ၂၀ အောက်လူငယ်တွေက အများဆုံးဖြစ်နေပါတယ်။ တစ်သောင်းကနေ နှစ်သောင်းအကြား သုံးစွဲသူတွေထဲမှာတော့  အသက် ၄၀ နဲ့အထက်က အများဆုံး ဖြစ်ပါတယ်။

play

 

စစ်တမ်းကိုအကြမ်းဖျဉ်းလေ့လာကြည့်ရင် ဖုန်းဘေလ်များများသုံးစွဲမှုမှာ အမျိုးသားတွေက ပိုများပါတယ်။ ဖုန်းဘေလ် လစဉ်တစ်သောင်းလောက် သုံးစွဲမှုမှာ အသက် ၂၀ အောက်လူငယ်တွေအများဆုံး ဖြစ်ပါတယ်။ မိုဘိုင်းသုံးစွဲသူအများစုဟာ တစ်လကို ဖုန်းဘေလ် ငါးထောင်ကနေ တစ်သောင်းအထိ သုံးစွဲကြပါတယ်။

Source & Pictures : www.linkedin.com, Xavey Myanmar Ltd

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ