AD
AD
AD
play

 

နိုဝင်ဘာလ ၁၀ ရက်နေ့မှာ သုတေသနအဖွဲ့တစ်ဖွဲ့က တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ Internal Medicine မဂ္ဂဇင်းမှာ ရေးသားခဲ့တာပါ။ သာမန်အလေးချိန်ရှိပြီး ဗိုက်အဆီရှိနေတဲ့ သူတွေက ကိုယ်အလေးချိန်များတဲ့သူတွေနဲ့ ယှဉ်ရင် ရောဂါဖြစ်ပွားနိုင်ခြေနဲ့ သေဆုံးနိုင်ခြေ ပိုမိုမြင့်မားတယ်လို့ ယင်းအဖွဲ့က ဆိုပါတယ်။

play

ဗိုက်အဆီက မကောင်းတဲ့အဆီ ဖြစ်ကြောင်း ကနေဒါနိုင်ငံ ကွီဘက်ခ်တက္ကသိုလ်က နာမည်အကြီးဆုံး ဆရာဝန်တစ်ဦး ဖြစ်တဲ့ ဒေါက်တာ ပေါလ်ပွိုင်ရီယာက ပြောပါတယ်။ ချရခက်တဲ့ ဗိုက်ပတ်ပတ်လည်က အဲဒီအဆီတစ်ရှူးဟာ ဆီးချိုရောဂါ၊ လေသင်တုန်းဖြတ်ခြင်း၊ နှလုံးရောဂါများနဲ့ ကိုလက်စထရော မြင့်မားခြင်းစတဲ့ ရောဂါများစွာနဲ့ ဆက်စပ်နေပါတယ်။

ဗိုက်အဆီများခြင်းက တင်အဆီများခြင်းထက် ပိုဆိုးတယ်လို့ သူက ပြောပါတယ်။ သာမန် ကိုယ်အလေးချိန် ဖြစ်နေရင်တောင် ခါးက အမျိုးသမီး  ၃၄ လက်မ အထက်၊ အမျိုးသား ၄၀ အထက် ဆိုရင် ဗိုက်နေရာမှာ အဝလွန်တယ်လို့ ဆိုနိုင်ပြီး ဗိုက်အဝလွန်ခြင်းက အန္တရာယ်အများဆုံး ဖြစ်တယ်လို့ ဒေါက်တာပွိုင်ရီယာက ဆိုပါတယ်။

http://www.healthylifetricks.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD