Lifestyle: သေဆုံးသွားခဲ့တဲ့သားအတွက် ရည်ရွယ်တဲ့ မိခင်ရဲ့မင်္ဂလာဆောင်

မင်္ဂလာဆောင်ပုံမှာ သေဆုံးသွားတဲ့ လိတ်ခ်ရဲ့ပုံကို ဖိုတိုရှော့ပ်နဲ့ ထည့်ခဲ့တာဖြစ်ပါတယ်။

play

 

၂၀၁၅ ခုနှစ်၊ မေလမှာ အန်နာဘွန်ဇ်မန် သွမ်ဆန်ဟာ လူကီးမီးယား သွေးကင်ဆာရောဂါဖြစ်ပွားနေတဲ့ သူမရဲ့သား လိတ်ခ်ကို ထာဝရ နှုတ်ဆက်ခဲ့ရပါတယ်။ လိတ်ခ်ဟာ အသက် ၉ နှစ်ပြည့်ဖို့ သုံးပတ်အလိုလေးမှာ သေဆုံးသွားခဲ့တာပါ။

အောက်တိုဘာလထဲမှာ သွမ်ဆန်ဟာ တွဲနေတာကြာပြီဖြစ်တဲ့ သူမရဲ့ရည်းစား ထရာဗစ် သွမ်ဆန်နဲ့ ဂျော်ဂျီယာမှာ လက်ထပ်ခဲ့ပါတယ်။ လိတ်ခ်ရဲ့ ကင်ဆာရောဂါကြောင့် သူတို့မင်္ဂလာဆောင်ဖို့ ဆိုင်းငံ့ထားခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။ လိတ်ခ်က သူတို့ကို လက်ထပ်စေချင်မှန်း သိတဲ့အတွက် အောက်တိုဘာလထဲမှာ လက်ထပ်မယ်လို့ သူတို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မအကြောက်ခဲ့ရဆုံးက ဓာတ်ပုံတွေရိုက်ရမှာကိုပါပဲ။ ဓာတ်ပုံတွေထဲမှာ သားလေးပါမှာမဟုတ်တဲ့အတွက် ကျွန်မ ဝမ်းနည်းခဲ့ရတယ်။ သူမပါဘဲ ဓာတ်ပုံရိုက်ရမှာ အပြစ်ရှိသလိုပဲ” ဟု သွမ်ဆင်က ပြောပါတယ်။

သွမ်ဆန်ဟာ ဖေ့စ်ဘွတ်မှာ အလွန်စိတ်ထိခိုက်စရာကောင်းတဲ့ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ သူမရဲ့သူငယ်ချင်း ဓာတ်ပုံဆရာမ ဘရန်ဒီအိန်ဂျယ်လ်က မင်္ဂလာဆောင်နေ့မှာ တစ်နေကုန် ဓာတ်ပုံတွေ တစ်ဖျပ်ဖျပ်ရိုက်နေခဲ့ချိန်မှာ လိတ်ခ်ရှိမနေတဲ့အတွက် မိသားစုဓာတ်ပုံမလိုချင်ကြောင်း သွမ်ဆန်က အိန်ဂျယ်ကို ပြောခဲ့ပါတယ်။

play

 

“ကျွန်မရဲ့မိသားစုဘဝ ဒီကမ္ဘာမြေပေါ်မှာ မပြည့်စုံနိုင်ပေမယ့် ကောင်းကင်ဘုံမှာ ပြည့်စုံသွားမှာပါ။ လိတ်ခ်က ကျွန်မတို့ကို စောင့်ကြည့်နေလိမ့်မယ်၊ အထူးသဖြင့် ကျွန်မတို့လက်ထပ်ချိန်ကို စောင့်ကြည့်နေမယ်ဆိုတာ ကျွန်မသေချာသိတယ်။ ဒီနေ့က ကျွန်မတို့တွေ ဘယ်တော့မှ မမေ့နိုင်တဲ့ နေ့တစ်နေ့ဖြစ်တယ်ဆိုတာ သေချာအောင် သူစောင့်ကြည့်ခဲ့တာ။ အဲဒီနေ့မှာ သူရှိနေတယ်ဆိုတာ ကျွန်မခံစားခံစားရပြီး တကယ်လည်း ပျော်ရွှင်ခဲ့ပေမယ့်လို့ သူမပါဘဲ မိသားစုပုံရိုက်ရမှာ ကျွန်မဘယ်လိုမှ မခံစားနိုင်ခဲ့ဘူး” လို့ သူမက ပြောပါတယ်။

သွမ်ဆင်ရဲ့ အခြားကလေးနှစ်ယောက်လည်း ပါဝင်တဲ့ မိသားစုဓာတ်ပုံထဲမှာ လိတ်ခ်ကို ထည့်ပေးဖို့ သွမ်ဆန်က အိန်ဂျယ်ကို ပြောခဲ့ပါတယ်။ အိန်ဂျယ်က သူမရဲ့သူငယ်ချင်း ပေါလ်ဝုဒ်ဝါ့ဒ်ရဲ့အကူအညီနဲ့ ဖိုတိုရှော့ပ်သုံးပြီး လိတ်ခ်ရဲ့ပုံကို မိသားစု ဓာတ်ပုံတစ်ပုံထဲမှာထည့်လိုက်ပါတယ်။ ပုံတွေကို ပြင်နေချိန်မှာ ထိပ်လန့်စရာတစ်ခုလည်း အိန်ဂျယ် ကြုံတွေ့ခဲ့ရပါသေးတယ်။

play

 

“ကျွန်မအိမ်ပြန်သွားတော့ ဓာတ်ပုံတိုင်းမှာ အလင်းရောင်တစ်ခုပါနေတာကို အံ့သြဖွယ်တွေ့လိုက်ရတယ်။ အလင်းတန်းက တစ်နေရာရာမှာ အမြဲပါနေတယ်။ အရောင်ရော ပုံစံရော တစ်ထပ်တည်းပဲ။ ကျွန်မတစ်ကိုယ်လုံး ကြက်သီးမွေးညှင်းတွေ ထသွားတာပဲ” လို့ အိန်ဂျယ်က ပြောပြခဲ့ပါတယ်။

Source and photos : news.com.au

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ