Lifestyle: အသက်ရှည်ချင်ရင် တစ်နေ့ကော်ဖီသုံးခွက် သောက်ပါ

ကော်ဖီသုံးခွက်ကို နေ့စဉ်သောက်ရင် နှလုံးရောဂါကိုတောင် ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

play

 

တစ်နေ့ကို ကော်ဖီသုံးခွက်သောက်သုံးခိုင်းမယ်ဆိုရင် ရောဂါပဲရလိမ့်မယ်လို့ ဖြေတဲ့သူအများအပြား ရှိမယ်ထင်ပါတယ်။ ကော်ဖီတစ်နေ့သုံးခွက်သောက်ရင် ရောဂါမရတဲ့အပြင် အသက်ရှည်စေတယ်ဆိုရင် အံ့သြသွားကြမယ် ထင်ပါတယ်။

play

ဟုတ်ပါတယ်။ တစ်နေ့ကို ကော်ဖီသုံးခွက်သောက်ရင် နှလုံးရောဂါနဲ့ အကြောအားနည်း တုံ့ဆိုင်းသွားတက်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးတယ်လို့ လေ့လာမှု တစ်ခုက ထပ်မံဖော်ထုတ်လိုက်ပါပြီ။ ဒါတင်မကသေးပါဘူး။ သင့်ကို ဆီးချိုရောဂါဖြစ်ပွားမှုကလည်း ကာကွယ်ပေးနိုင်ဆိုတာကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ နောက်တစ်မျိုးကျန်ပါသေးတယ်။ ကော်ဖီကို ဒီလိုနှုန်းအတိုင်း သောက်သွားရင် အဆင်မပြေမှုတွေကြောင့် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ဖို့ပါ မဖြစ်စေနိုင်ဘူးလို့ သိပ္ပံပညာရှင်တွေက ထောက်ခံကြပါတယ်။

play

 

အမေရိကမှာရှိတဲ့ Harvard TH Chan School of Public Health က ဒီလေ့လာချက်ကို ပြုလုပ်ခဲ့ပြီး အခုလို ရလဒ်ထွက်လာတာပါ။ ကော်ဖီထဲမှာပါဝင်တဲ့ ဇီဝဓါတ်အချို့ဟာ ဆီချိုဖြစ်စေတဲ့ သကြားဓါတ်တွေကို ခုခံတော်လှန်ပေးတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။ ဒါပေမယ့်လည်း ကော်ဖီတစ်နေ့သုံးခွက် လောက်သောက်တာနဲ့ ပတ်သတ်ပြီး ဒီထက်ပိုတိကျတဲ့ အချက်အလက်တွေ လိုဦးမယ်လို့ သူတို့က ဝန်ခံထားပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး ၂၀၈,၅၀၁ ဦးကိုလေ့လာခဲ့တာဖြစ်ပြီး ဘာတွေရှိသေးလဲ ဆိုတာ ဆက်လေ့လာနေဆဲ ဖြစ်ပါတယ်။

Source : www.telegraph.co.uk

Photos : www.women.thenest.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ