Lifestyle: တစ်နေ့ကို ငရုတ်သီး (၅) ပေါင် စားနိုင်တဲ့ တရုတ်အမျိုးသား

တရုတ်နိုင်ငံက ကျေးရွာငယ်လေးတစ်ရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ အပူအစပ်ကို အလွန်နှစ်သက်တဲ့အတွက် နာမည်ကျော်လာသူ ဖြစ်ပါတယ်။

play

 

ဟန်နန်ပြည်နယ်၊ ရှာဝိုလီကျေးရွာမှာနေတဲ့ လီယွန်ဆီဟာ တစ်နေ့ကို ငရုတ်သီး ၅.၅ ပေါင် စားနိုင်ပါတယ်။

အသက် ၄၈ နှစ်ရှိတဲ့ မစ္စတာလီဟာ မနက်ဆိုရင် ငရုတ်သီးနဲ့ ပါးစပ်ဆေးတယ်လို့ ဆိုပါတယ်။ လီဟာ ကလေးဘဝကတည်းက အပူအစပ်ကို အလွန်ကြိုက်တဲ့သူဖြစ်ကြောင်းလည်း သိရပါတယ်။

play

 

သူဟာ အသားမပါရင်နေပါစေ ငရုတ်သီးမပါရင် အစာမစားတတ်သူဖြစ်ပါတယ်။

ညနေ အလုပ်ပြီးတိုင်း ငရုတ်သီးကို သွားရည်စာ စားသလို စားတဲ့အတွက် ငရုတ်သီးက သူ့အချိန်တွေကို ကုန်ဆုံးဖို့ အကူအညီပေးတယ်လို့လည်း သူကပြောပါတယ်။

play

 

သူ့ရဲ့နေ့စဉ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မစ္စတာလီက သူ့ရဲ့ပန်းခြံထဲမှာ ငရုတ်သီးအမျိုးပေါင်း (၈) မျိုးကို စိုက်ထားပါသေးတယ်။

၂၀၀၉ ခုနှစ်မှာ လီဟာ ဟန်နန်ပြည်နယ်အစိုးရရဲ့ ငရုတ်သီးစား  ပြိုင်ပွဲမှာ  “ငရုတ်သီးဘုရင်” ဆုကို ရရှိခဲ့ပါသေးတယ်။

play

 

သူ့ရဲ့ ငရုတ်သီးစားလို့ မဝနိုင်တဲ့ အာသီသက ကျန်းမာရေးကိုလည်း ကောင်းစေပုံပါပဲ။ သူဟာ နေမကောင်းဖြစ်ခဲပြီး အလွန်ကျန်းမာပါတယ်။

 “ကျွန်တော့်မှာ ဘာစူပါပါဝါမှ မရှိပါဘူး။ ငရုတ်သီးကို စားချင်တယ်၊ အရမ်းလည်းစားနိုင်တယ်။ ဒါပါပဲ။ ကျွန်တော်က သူများတွေလို ပုံမှန်ပဲလို့ ဆရာဝန်တွေက ပြောပါတယ်” လို့ သူက Zhenzhou Evening News ကို ပြောခဲ့ပါတယ်။

Sources and photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ