Lifestyle: စမတ်ကျသူတွေပဲ သိကြတဲ့ အချိန်စီမံခန့်ခွဲနည်း

အချိန်ဆိုတာ စီမံခန့်ခွဲလို့ရတဲ့ ရတဲ့အ့ရာမဟုတ်ဘူးလို့ ပြောရင် နားမရှုပ်သွားပါနဲ့ဦး။

play

 

အချိန်ဟာ ဘယ်လောက်တန်ဖိုးရှိကြောင်း၊ ဘယ်လိုအသုံးချသင့်ကြောင်း စသဖြင့် အကြောင်းအရာတွေကို အားလုံးကြားဖူးကြမှာပါ။ အချိန်နဲ့ပတ်သတ်ပြီး နည်းလမ်းကျကျ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကိုတော့ လူတော် တစ်ချို့သာ သတိထားမိကြပါတယ်။ အဲဒါကဘာတွေလဲဆိုတော့....

၁။ အချိန်ကိုစီမံလို့မရပါ၊ ကိုယ့်ကိုကိုယ်သာ စီမံနိုင်ပါတယ်။

play

 

ပြန်စဉ်းစားကြည့်ပါ။ အားလုံး တစ်နေ့ကို ၂၄ နာရီပဲ ရတာမဟုတ်လား။ တကယ်တော့ အချိန်ကို စီမံခန့်ခွဲတယ်ဆိုတာ ကိုယ့်ကိုကိုယ် စီမံခန့်ခွဲတာ့ပါ။

၂။ လုပ်စရာတွေ များပြီးအချိန်ကမလောက်ဘူးဆိုတာ ဆင်ခြေပေးတာ

 

အမြဲတမ်းပဲ အချိန်မလောက်ဘူး၊ လုပ်စရာတွေများ ဆိုတာမျိုးကို တကယ်စမတ်ဖြစ်တဲ့ သူတွေ မပြောကြပါဘူး။ ဒီလိုပြောရင် ဆင်ခြေပေးတာပါပဲ။ လုပ်စရာတွေများတာ ဖြစ်နိုင်ပါတယ်။ အချိန်မလောက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်အဲဒီအခြေအနေကိုပဲ ကျင့်သားရအောင် လုပ်ရမှာပါ။

၃။ ဦးစားပေးများနေခြင်း

play

 

ဦးစားပေး လုပ်ရမယ့်အရာတွေ များနေတယ်ဆိုတာ တကယ်တော့ ဘာကိုမှ ဦးစားမပေးဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ ဘယ်တော့ပဲ ဖြစ်ဖြစ် ဦးစားပေးရမယ့်အရာဆိုတာ အနည်းငယ်ပဲ ရှိပါတယ်။

၎။ လုပ်စရာတွေများလေ အလုပ်မပြီးလေ

play

 

သင်ကလောဘကြီးပြီး လုပ်စရာတွေ အများကြီးယူထားတယ်ဆိုပါစို့။ လုပ်စရာ ၂ ခုကနေ ၃ ခုအကြား ရှိတယ်လို့ သတ်မှတ်ထားရင် သင်အနည်းဆုံး ၂ ခုတော့ပြီးမှာပါ။ ဒါမှမဟုတ် ၄ ခုကနေ ၁၀ ခုအကြား သတ်မှတ်ထားရင်တော့ သင်အလုပ် ၁ ခု၊ ၂ ခုလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် အရေးကြီးတာကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ဖို့ လိုတာပါ။

၅။ လုပ်စရာတွေ စာရင်းချရေးထားတာနဲ့ မပြည့်စုံသေး

play

 

လုပ်စရာရှိတာတွေကို စာရင်းချရေးတာ ကောင်းပါတယ်။ ဒါပေမယ့် အစည်းအဝေးချိန်၊ အီးမေးလ်ပြန်ရချိန်တွေနဲ့ ဖုန်းပြောရချိန်တွေကိုရော သင့်ရဲ့လုပ်စရာစာရင်းထဲ မှတ်ထားဦးမှာပါလား။ မရနိုင်ပါဘူး။ ခေါင်းစဉ်တိတိကျကျတပ်လို့မရတဲ့ အရာတွေနဲ့ သင်နေ့စဉ်အချိန်ကုန်နေရတယ်ဆိုတာ သတိပြုပါ။ လုပ်စရာစာရင်းတွေ ချရေးထားရုံနဲ့ မပြည့်စုံပါဘူး။

၆။ အားလုံးကို တစ်ယောက်တည်း မလုပ်နိုင်ဘူးဆိုတာ သတိပြုပါ

play

 

သင်ဘယ်လောက်ပဲ တော်တော်၊ ကိုယ့်ကိုကိုယ် ဘယ်လောက်ပဲ ယုံကြည်ချက် ရှိရှိ အားလုံးကို တစ်ယောက်တည်း မလုပ်နိုင်ပါဘူး။ ဒါက အကျိုးမရှိပါဘူး။ တာဝန်တွေကို ခွဲဝေပါ။ အားလုံးအကျိုးရှိစေမှာ ဖြစ်ပါတယ်။

Source : www.forbes.com

www.

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ