Lifestyle: အမြဲထိုင်နေရသောအလုပ်က ကိုယ်ဝန်ဆောင်စဉ် ဗိုက်ထဲမှ ကလေးကို ထိခိုက်နိုင်

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် အထိုင်များပါက ကလေးကို ထိခိုက်နိုင်ကြောင်း သုတေသနသစ်တစ်ခုအရ သိရပါတယ်။

play

ကိုယ်ဝန်ဆောင်စဉ် စိတ်ဓာတ်ကျခြင်းနဲ့ အချိန်အကြာကြီး ထိုင်ရခြင်းက ဆက်စပ်မှုရှိတယ်လို့ Warwick တက္ကသိုလ်က သုတေသီများက ဖော်ထုတ်လိုက်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်များ ကိုယ်အလေးချိန် တိုးလာခြင်းနဲ့ ကိုယ်ဝန်ဆောင်စဉ် ဖြစ်တတ်သော ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုမြင့်ကြောင်းလည်း အဆိုပါပညာရှင်များက တွေ့ရှိခဲ့ပါတယ်။

play

 

အထိုင်များခြင်းနဲ့ ဆက်စပ် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာများကို လျှော့ချနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်များ အနေနဲ့ ကိုယ်ဝန်ဆောင်စဉ် အစောပိုင်းကာလမှာ ကိုယ်ရောစိတ်ပါ ကျန်းမာအောင် နေဖို့ လိုကြောင်း အမျိုးသမီး ၁,၂၀၀ ကျော်ကို လေ့လာခဲ့တဲ့ အဆိုပါ လေ့လာမှုက အကြံပြုထားပါတယ်။

play

 

ကိုယ်ဝန်ဆောင်သည်များအနေနဲ့ ထိုင်သည့်အချိန်ကို လျှော့လိုက်ရင် ကိုယ်ဝန်ဆောင်စဉ် ဖြစ်တတ်တဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ လျော့ကျနိုင်ပြီး မွေးဖွားလာမည့် ကလေးတွင်လည်း အစာခြေစနစ်ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်မှု လျော့ကျနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ယင်းအဖွဲ့က ပြောခဲ့သည်။

Source : www.dnaindia.com

Photos : www.everydayfamily.com, paradimewomen.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ