Lifestyle: တစ်နေ့ ပန်းသီးတစ်လုံးစားရင် တကယ်ပဲ ဆရာဝန်နဲ့ ကင်းကင်းနေနိုင်မှာလား

ပန်းသီးစားတဲ့အတွက် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး (၅) ချက်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ တကယ်ပဲ ဆရာဝန်နဲ့ ကင်းနိုင်မလားဆိုတာ ကိုယ်တိုင် ဆန်းစစ်ကြည့်လိုက်ပါ။

play

 

၁။ နှလုံးကို အကာအကွယ်ပေးနိုင်ခြင်း

ပန်းသီးဟာ သွေးကြောတွေရဲ့ အတွင်းမျက်နှာပြင်ကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီအတွင်းမျက်နှာပြင် ပျက်စီးသွားပါက နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါတယ်။

play

 

၂။ အမျှင်ဓာတ်တိုးစေခြင်း

ကနေဒီယမ်အဟာရပညာရှင်တွေက အမျိုးသမီးများက အမျှင်ဓာတ် ၂၅ ဂရမ်၊ အမျိုးသားများက ၃၈ ဂရမ် နေ့စဉ် စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ ကနေဒီယန်အများစုက သူတို့စားသုံးသင့်တဲ့ အမျှင်ဓာတ်ရဲ့ တစ်ဝက်အောက်သာ စားသုံးကြတယ်လို့ ဆိုပါတယ်။ တကယ်တော့ ပန်းသီးက အမျှင်ဓာတ်တွေနဲ့ ပြည့်နေတာပါ။ ခပ်လတ်လတ်ပန်းသီးတစ်လုံးမှာ အမျှင်ဓာတ် ၄ ဂရမ်သာ ပါပါတယ်။ ဒါပေမဲ့ အမျှင်ဓာတ်စားသုံးမှု ပမာဏကို မြှင့်ချင်တယ်ဆိုရင်တော့ တဖြည်းဖြည်းချင်း လုပ်တာ အကောင်းဆုံးပါပဲ။

play

 

၃။ ဆီးချိုရောဂါ အမှတ် ၂ ကို တိုက်ဖျက်နိုင်ခြင်း

ပန်းသီးတွေက သွေးတွင်းက သကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ပန်းသီးတစ်လုံးစားတဲ့အမျိုးသမီးတွေက ပန်းသီးလုံးဝမစားတဲ့ အမျိုးသမီးတွေထက် ဆီးချိုရောဂါအမှတ် ၂ ဖြစ်ပေါ်နိုင်ခြေ သုံးပုံတစ်ပုံလျော့နည်းတယ်လို့ သုတေသီတွေက တွေ့ရှိထားပြီး ဖြစ်ပါတယ်။

play

 

၎။ ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း

ဒီအသီးထဲမှာပါတဲ့ ဓာတ်အများအပြားက ကင်ဆာရောဂါအတော်များများကို ကာကွယ်ပေးနိုင်ပါတယ်။

play

 

၅။ အသက်ရှုရ ပိုမိုလွယ်ကူခြင်း

တစ်ပတ်ကို ပန်းသီး ၅ လုံးထက် ပိုစားတဲ့သူတွေဟာ အဆုတ်လည်ပတ်မှု တိုးတက်လာပြီး အသက်ရှူခက်ခဲမှုကို လျော့နည်းစေကာ ပန်းနာရောဂါလို လက္ခဧာတွေ လျော့နည်းစေတယ်လို့ ဗြိတိသျှသုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။

Source : besthealthmag.ca

Photos: besthealthmag.ca, livewellmagazine.org, www.secretseedsociety.com,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ