Lifestyle: နုပျိုလှပစေဖို့ လွယ်ကူရိုးရှင်းတဲ့ ရေဓာတ်ဖြည့် ပေါင်းတင်နည်း

ဈေးကြီးတဲ့ Spa ဆိုင်တွေနဲ့ တန်ဖိုးကြီး Skin care တွေကို မေ့လိုက်ပါ။ ကိုယ့်ရဲ့ မီးဖိုချောင်ထဲမှာ အသင့်ရှိနေတဲ့ အစားအစာတွေကို အသုံးပြုပြီး အရေးအကြောင်းတွေကို လျှော့ချကာ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။

 

ပါဝင်ပစ္စည်းများ

  • ကြက်ဥအကာ
  • ပျားရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း
  • ဒိန်ချဉ် လက်ဖက်ရည်ဇွန်း (၂) ဇွန်း
  • စတော်ဘယ်ရီ လက်ဖက်ရည်ပန်းကန်လုံးနဲ့ လေးပုံတစ်ပုံ (သို့မဟုတ်) ဘလူးဘယ်ရီ လက်ဖက်ရည် ပန်းကန်လုံး တစ်ဝက်စာ

စတော်ဘယ်ရီက အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက်ဖြစ်ပြီး ဘလူးဘယ်ရီက အသားခြောက်သူတွေနဲ့ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေ အတွက်ပါ။

ရေဓာတ်ကို ပိုမိုဖြည့်ချင်ရင်တော့ ထောပတ်သီး လေးပုံတစ်ပုံကိုလည်း ထည့်ပါ။

 

လုပ်ဆောင်နည်း

အဲဒီပစ္စည်းအားလုံးကို သစ်သီးမွှေစက်ထဲထည့်ပြီး လုံးဝကျေညပ်သည်အထိ ကြိတ်လိုက်ပါ။ အေးမြတဲ့ ပေါင်းတင် Mask ကို ရချင်ရင်တော့ ၁၀ မိနစ်လောက် ရေခဲသေတ္တာထဲမှာထားပါ။ ရေခဲသေတ္တာထဲမထည့်ချင်လည်း အပြင်မှာ ၁၀ မိနစ်ထားပါ။ ခြောက်သွေ့သန့်ရှင်းတဲ့ မျက်နှာပေါ်မှာ လိမ်းလို့ရပါပြီ။ ၅ မိနစ် ၁၀ မိနစ်လောက်အကြာမှာတော့ ရေနွေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင်တော့ သဘာဝပစ္စည်းတွေချည်းနဲ့လုပ်ထားတဲ့ ကိုယ်အကြိုက်ဆုံး အစိုဓာတ်ဖြည့်လိုးရှင်းကို လိမ်းလိုက်ရုံပါပဲ။

 

မှတ်ချက်

သဘာဝပစ္စည်းတွေနဲ့ပဲ ပြုလုပ်ထားတဲ့ ပစ္စည်းဖြစ်ပါစေ။ ဘယ်ပစ္စည်းပဲအသုံးပြုပြု ကိုယ့်ရဲ့မျက်နှာ ဒါမှမဟုတ် ခန္ဓာကိုယ်ပေါ် မတင်ခင်မှာ ကိုယ်နဲ့ ဓာတ်တည့်မတည့်ဆိုတာသိဖို့အတွက် ခန္ဓာကိုယ်ရဲ့ နေရာတစ်ခုခုမှာ နည်းနည်းတင်ပြီး စမ်းသပ်ဖို့ မမေ့ပါနဲ့။

Source and Photos : www.keeperofthehome.org

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ