Lifestyle: စမတ်ဖုန်းသုံးသူများ နေ့စဉ်အသုံးတည့်မည့် အက်ပလီကေးရှင်း (၆) မျိုး

စမတ်ဖုန်းသုံးသူတွေအားလုံးအတွက် မရှိမဖြစ် နေ့စဉ်နီးပါး အသုံးပြုဖို့ လိုနိုင်တဲ့ app တွေကို ဖော်ပြပေးထားပါတယ်။

play

 

ယနေ့နည်းပညာခေတ်မှာ ကျွန်တော်တို့အားလုံးနဲ့ နေ့စဉ်မကင်းမကွာ ရှိနေတာ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ စမတ်ဖုန်းသုံးပြီဆိုလည်း စမတ်ကျဖို့တော့ လိုလာပြီပေါ့။ သင့်ရဲ့စမတ်ဖုန်းကို နေ့စဉ်အကျိုးရှိရှိသုံးနိုင်မယ့် အက်ပလီကေးရှင်း တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Spotify

play

 

Spotify က သီချင်းနားထောင်တဲ့ app ပါ။ ဘာသီချင်းပဲလိုလို Spotify မှာအကုန်နီးပါးရှိပြီး off-line နားထောင်ဖို့ ဒေါင်းလော့လည်း ဆွဲနိုင်ပါတယ်။ ကြေငြာတွေပါတဲ့ app ကို အလကားရနိုင်ပြီး နောက်တစ်မျိုးကတော့ တစ်လကို ၉.၉၉ ပေးရပါတယ်။

၂။ Mint

play

 

သင့်ရဲ့ တစ်နေ့တာ အသုံးစရိတ်တွေကို တွက်ချက်ပေးမယ့် app ဖြစ်ပါတယ်။ ဒါတင်မကပဲ ဘဏ်ငွေစာရင်းတွေ၊ ခရက်ဒစ်ကတ်စာရင်းတွေနဲ့ ငွေကြေးပိုင်းဆိုင်ရာတွေကို နေ့စဉ် မှတ်တမ်း တင်ထားနိုင်တဲ့ app ဖြစ်ပါတယ်။

၃။ Google Photos

play

 

ဘယ်အချိန်ပဲ ဖြစ်ဖြစ် သင့်ရဲ့ဓာတ်ပုံတွေကို နေရာမရွေးပြန်လိုချင်ရင် Google Photos app ရှိဖို့ လိုပါတယ်။ ဒီ app ထဲမှာ ဓာတ်ပုံရိုက်ခဲ့တဲ့ နေရာကို စာရိုက်ပြီးလည်း ပြန်ရှာလို့ ရပါတယ်။

၎။ Google Map

play

 

မဖြစ်မနေ လိုအပ်တဲ့ app တွေထဲက တစ်ခုဖြစ်ပါတယ်။ သင်ဟာ စက်ဘီးစီးသူဖြစ်စေ၊ ကားစီးသူ ဖြစ်စေ၊ လမ်းလျှောက်သူ ဖြစ်စေ ဒီ app ကိုနေ့စဉ် အသုံးပြုနိုင်ပါတယ်။ ခရီးသွားတဲ့အခါ ပိုတောင် အသုံးဝင်ပါလိမ့်မယ်။

၅။ Pocket

play

 

တစ်ခါတစ်ရံ အားလပ်ချိန်ကလေး အင်တာနက်ကြည့်နေတုန်း စိတ်ဝင်စားစရာ ဗီဒီယိုတွေ၊ အကြောင်းအရာတွေ တွေ့ပြီဆိုပါစို့။ ဖတ်ချင်၊ ကြည့်ချင်ပေမယ့် အချိန်ကလည်း မရသေးဘူးဆိုရင် Pocket ကအဆင်ပြေပါလိမ့်မယ်။ ကြည့်ချင်တဲ့အကြောင်းအရာတွေကို ဒီထဲမှာ မှတ်သားထားနိုင်ပါတယ်။

၆။ Messenger

play

Facebook ရဲ့ Messenger app နဲ့ သင်လုပ်ဆောင်နိုင်တာ များစွာရှိပါတယ်။ ဖုန်းခေါ်ခြင်း၊ video call ခေါ်ခြင်းနဲ့ အခြားသော လုပ်ဆောင်နိုင်တဲ့အရာတွေရှိပါတယ်။ ယနေ့ကမ္ဘာမှာ သုံးစွဲသူ သန်း ၇၀၀ ရှိတဲ့ app ဖြစ်ပါတယ်။

Source & Photos : www.techinside.io

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ