Lifestyle: ကမ္ဘာ့အနှံ့ ထူးထူးဆန်းဆန်း ဥပဒေများအကြောင်း

စင်္ကာပူ၊ ပြင်သစ်၊ အမေရိကန်စတဲ့နိုင်ငံတွေမှာလည်း ဒီလိုထူးဆန်းတွေ ဥပဒေတွေဟာ လက်ရှိအချိန်ထိ ပြဌာန်းထားဆဲပါ။

play

 

ကမ္ဘာ့နိုင်ငံအသီးသီး မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေရှိသလို အစိုးရအသီးသီးရဲ့ ကွဲပြားခြားနားတဲ့ ဥပဒေတွေလည်း ရှိပါတယ်။ ကမ္ဘာ့အနှံ့က ထူးဆန်းတဲ့ ဥပဒေတွေအချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ပြင်သစ်မှာတော့ သေပြီးသားလူတစ်ဦးကို လက်ထပ်တာ တရားဝင်ထိမ်းမြှားမှုအဖြစ် သတ်မှတ်ထားပါတယ်။ 

play

 

၂။ စင်္ကာပူမှာ ပီကေးစားတာတရားမဝင်သလို ဖြန့်ဖြူးရောင်းချတာလည်း တရားမဝင်ပါဘူး။ ပီကေနဲ့ စင်္ကာပူဟာ လုံးဝမသက်ဆိုင်သလို ပြဌားထားတာပါ။ ၁၉၉၂ ခုနှစ်က ဒီဥပဒေကိုပြန်ဌာန်းခဲ့တာပါ။

play

 

၃။ အီတလီနိုငံ၊ တူရင်မြို့က ဥပဒေကလည်းထူးခြားပါတယ်။ ခွေးမွေးမယ်ဆိုရင် ကိုယ့်ရဲ့ခွေးကို တစ်နေ့အနည်းဆုံး ၃ မိနစ်လောက် အပြင်မှာ လမ်းလျှောက်ပေးဖို့ ဥပဒေပြဌာန်းပါတယ်။ ခွေးတွေကို အိမ်ထဲမှာသာ အမြဲတမ်း လှောင်ပိတ်မထားဖို့ ဖြစ်ပါတယ်။

play

 

၎။ သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားမှာတော့ အိမ်မှာ လျှပ်စစ်မီးသီးတွေ၊ မီးချောင်းတွေကို လဲချင်တိုင်း လဲလို့ မရဘူး။ မီးသီးလေးတစ်လုံးလဲဖို့အတွက် လျှပ်စစ်ပြုပြင်ရေးလိုင်စင် ရှိရမှာပါ။

play

 

၅။ အမေရိကန်နိုင်ငံ မင်န်ဆိုတာ ဒေသမှာတော့ အမျိုးသားနဲ့ အမျိုးသမီး အတွင်းခံ အဝတ်အစားတွေကို တန်းတစ်ခုတည်း ပေါ်မှာ တူလှန်းရင် ဥပဒေချိုးဖောက်တာပဲ ဖြစ်ပါတယ်။

play

 

၆။ ပစိဖိတ် တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသ ဆာမိုအာအရပ်က ဥပဒေတစ်ခုကတော့ အမျိုးသမီးတွေကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။ ကိုယ့်ဇနီးရဲ့ မွေးနေ့ကို ခင်ပွန်းဖြစ်သူက မေ့နေရင် ဥပဒေချိုးဖောက်ရာရောက်ပြီး အရေးယူခံရမှာပါ။

play

 

၇။ အမေရိကန် အိုကလာဟိုမား ဒေသမှာတော့ ခွေးတစ်ကောင်ရှေ့မှာ သင်မျက်နှာပြောင်လို့မရပါဘူး။ အကယ်၍ ခွေးတစ်ကောင်ရှေ့မှာ ရုပ်ဆိုးတဲ့မျက်နှာမျိုး သွားလုပ်ပြမိရင် သင်ဥပဒေချိုးဖောက်ရာ ရောက်ပါတယ်။

play

 

၈။ ဟာဝိုင်ယီကျွန်းက ဟိုနိုလူလူအရပ်မှာ ညနေစောင်းပြီးခါမှ သီချင်းအကျယ်ကြီးဆိုရင် ဥပဒေ ချိုးဖောက်တာပါပဲ။

play

 

၉။ တရုတ်မှာဆိုရင်တော့ ကောလိပ်တက်မယ့် သူတစ်ယောက်ဟာ ဥာဏ်ရည်မြင့်မားသူ ဖြစ်ရမယ်လို့ ပြဌာန်းထားပါတယ်။

play

 

၁၀။ ဖင်လန်မှာ ယာဉ်စည်းကမ်းချိုးဖောက်တဲ့ အခါ ချိုးဖောက်သူရဲ့ ဝင်ငွေအချိုးအဆနဲ့ တွက်ပြီး ဒဏ်ရိုက်ပါတယ်။ တသမတ်တည်း ဒဏ်ငွေရိုက်လေ့ မရှိပါဘူး။

play

 

Source  and Photos : Ali Moeen Nawazish’s Facebook Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ