Lifestyle: မြန်မာ့ရွေးကောက်ပွဲအကြောင်း စိတ်ဝင်စားဖွယ် (၇) ချက်

, updated

၂၀၁၅ ခုနှစ်အတွက် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးခဲ့ပြီဖြစ်သလို အနိုင်ရပါတီလည်း ပြတ်ပြတ်သားသား ထွက်ပေါ်ခဲ့ပြီးပါပြီ။

 

မြန်မာနိုင်ငံမှာ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီး သွားတဲ့နောက် အမျိုးသားဒီမကိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ယူနိုင်ခဲ့လို့ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ဖို့ သေချာသွားပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သတ်သမျှ မြန်မာနိုင်ငံက စိတ်ဝင်စားစရာ အကြောင်းအရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဓိကရွေးကောက်ပွဲကို နှစ်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ပြီး နှစ်ကြိမ်လုံးအနိုင်ရခဲ့တာပါ။ ၁၉၉၀ ခုနှစ်အနိုင်ရခဲ့စဉ်တုန်းက အမတ် ၄၉၂ နေရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၃၉၂ နေရာ အနိုင်ရခဲ့ပါတယ်။

 

၂။ ၂၅ နှစ်အတွင်းမှာ နိုင်ငံရဲ့ အဓိကပါတီကြီးနှစ်ခု အားပြိုင်တဲ့ ပထမဆုံးရွေးကောက်ပွဲ ဖြစ်ပါတယ်။ ၂၀၁၀ တုန်းက ရွေးကောက်ပွဲဝင်မပြိုင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၂ ရောက်မှသာ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ခဲ့တာပါ။

၃။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကိ မဲပေးခွင့်ရှိသူ ၃၃ သန်းရှိခဲ့တယ်လို့ဆိုပါတယ်။ မြန်မာရွေးကောက်ပွဲ သမိုင်းတစ်လျှောက် မဲပေးနိုင်သူဦးရေ အများဆုံး ပမာဏလည်း ဖြစ်ပါတယ်။

 

၎။ ပါတီစုံက ကိုယ်စားလှယ်လောင်းတွေ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ၆၀၀၀ ကျော်ရှိပါတယ်။ စုစုပေါင်း အမတ် ၁၀၀၀ ကျော်ကို မဲပေးသူတွေ ရွေးချယ်ခဲ့ရတာပါ။

၅။ မြန်မာနိုင်ငံ ရွေးကောက်ပွဲစည်းမျဉ်းနဲ့ အနိုင်ရသူအားလုံးယူဆိုတဲ့ စနစ်ဟာ ဗြိတိန်ရွေးကောက်ပွဲစနစ်ကို နမူနာယူပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။

 

၆။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ရဲ့ ရလဒ်တွေကို အကန့်အသတ်နဲ့ နေ့စဉ် ထုတ်ပြန်ခဲ့ရာမှာ နိုဝင်ငဘာ ၁၃ ရက်နေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြတ်ပြတ်သားသား အနိုင်ရတယ်ဆိုတာ တရားဝင်ကြေငြာနိုင်ခဲ့ပါတယ်။ တိုင်ဆိုင်စွာပဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတာ ၅ နှစ်တိတိပြည့်တဲ့နေ့ ဖြစ်နေပါတယ်။

 

၇။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ခြောက်ကြိမ်သာ ကျင်းပရပါသေးတယ်။ ပါတီစုံ ရွေးကောက်ပွဲနာမည်နဲ့ ၁၉၅၁-၅၂ ခုနှစ်မှာတစ်ကြိမ်၊ ၁၉၅၆ နဲ့ ၁၉၆၀ မှာတစ်ကြိမ်ကျင်းပခဲ့ပြီး အဲဒီနောက်ပိုင်း ၁၉၉၀ ပြည့်နှစ်ရောက်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၀နဲ့ အခု ၂၀၁၅ မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါတယ်။

Source : www.bbc.com, www.wikipedia.com

Photos :  U Aung/Xinhua Press/Corbis , www.telegraph.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ