Lifestyle: သူ့ရဲ့နာမည်ပါတဲ့ အဆင်တန်ဆာတွေကို ဝတ်ဆင်ရတာ နှစ်သက်တဲ့ တေလာဆွစ်

, updated

တေလာဆွစ်က ပြီးခဲ့တဲ့အပတ်က လော့ဆန်းဂျလိစ်လေဆိပ်မှာ သူမရဲ့နာမည်မှာပါတဲ့ စာလုံးတွေကို ကျဲဖြန့်ထားတဲ့ အနက်နဲ့ အဖြူစပ် ဂါဝန်ကို ဝတ်ဆင်ပြီး လေယာဉ်ပေါ်က ဆင်းလာတာကို တွေ့ခဲ့ရပါတယ်။

play

 

ဒီဂါဝန်က တရုတ်အဝတ်အစားကုမ္ပဏီ Heritage 66 က ဝတ်စုံတစ်စုံပါ။ အဲဒီကုမ္ပဏီက အာရှမှာရှိတဲ့ တေလာဆွစ်ပရိသတ်တွေအတွက် ရောင်းချပေးတာဖြစ်ပါတယ်။

တကယ်တော့ တေလာကိုယ်တိုင်က သူမနာမည်ပါတဲ့ အဝတ်အစား အဆင်တန်ဆာတွေကို ဆင်မြန်းရတာ နှစ်သက်ပါတယ်။ အောက်မှာ သူမရဲ့နာမည်တွေပါတဲ့ သူမရဲ့အဆင်တန်ဆာတွေကို ဖော်ပြပေးလိုက်ပါတယ်။

play

ချက်ပြုတ်ရင်းရတဲ့ ဒဏ်ရာအကြောင်း ညည်းညူရင်း ဆွစ်က Instagram မှာ သူမရဲ့ နံမည်အစစာလုံးတွေပါတဲ့ လက်စွပ်ကို ပြခဲ့ပါတယ်။

play

 

၂၀၁၄ ခုနှစ် ဇူလိုင်လက နယူးယော့ခ်မြို့မှာ လျှောက်သွားရင်း အစိမ်းရောင် ပွင့်ရိုက်ဂါဝန်နဲ့ “S”  သင်္ကေတပါတဲ့ ဆွဲကြိုးကို ဝတ်ဆင်ခဲ့ပါတယ်။

play

 

အောက်တိုဘာလ ၄ ရက်မှာ ဆွစ်က “စိတ်မရှိနဲ့နော်။ ဒါကို ကျွန်မ အမြဲဝတ်ထားမှာပါ” လို့ အဓိပ္ပာယ်ရတဲ့ စာနဲ့အတူ Tay Tay ဆိုတဲ့ စာထိုးထားတဲ့ ခဲရောင် ခေါင်းစွပ်အင်္ကျီကို ဝတ်ထားတဲ့ ပုံကို Instagram တင်ခဲ့ဖူးပါတယ်။

play

 

၂၀၁၄ ခုနှစ် မတ်လမှာတော့ သူမရဲ့ နာမည်အစတွေဖြစ်တဲ့ T နဲ့ S ကို နားကပ်အဖြစ် ဝတ်ခဲ့ပါတယ်။

play

 

သူမရဲ့ ပရိသတ်တစ်ဦး ထိုးပေးထားတဲ့ ဒီပန်းရောင်ဆွယ်တာ အပေါ်ဘယ်ဘက်ထောင့်မှာ သူမရဲ့ နာမည် အစစာလုံးတွေ ထိုးထားပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့မှာ သူမက ဒီပုံကို Instagram မှာ တင်ခဲ့တာပါ။

Source : www.usmagazine.com

Photos : www.usmagazine.com, Instagram

 

 

This is my virabhadrasana II face. : @tudorland

 

A photo posted by Dayna Marie (@runnndmc) on Aug 19, 2015 at 10:26am PDT

 

 
 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ