Lifestyle: အကြမ်းဖက်သမားတွေကို နှိမ်နင်းရင်း အသက်ပေးသွားတဲ့ ခွေးကလေး

အကြမ်းဖက်သမားတွေ နေအိမ်ကိုဝင်ရောက်စီးနင်းရင်း ခွေးကလေးဒီဇယ်က အသေခံဗုံးခွဲသူရဲ့ လက်ချက်နဲ့ သေဆုံးသွားတာပါ။

play

စိန့်ဒန်းနစ်ရပ်ကွက်ကို ရဲတပ်ဖွဲ့ဝင်ရောက်စီးနင်းစဉ်

ပါရီမြို့အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့်  ရဲတပ်ဖွဲ့ရဲ့ခွေးကလေး ဒီဇယ် လည်းသေဆုံးသွားရပါပြီ။ အကြမ်းသမားတွေ တည်းခိုးရာနေအိမ်ကို မနက်အစောပိုင်းမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့စဉ်မှာ အသေခံဗုံးခွဲလိုက်သူရဲ့ လက်ချက်ကြောင့် ခွေးကလေး ဒီဇယ် သေဆုံးသွားခဲ့ရတာပါ။

play

အသက်ပေးခဲ့သူ ခွေးကလေး ဒီဇယ်

ပါရီရဲ့ဆင်ခြေဖုံးရပ်ကွက်ဖြစ်တဲ့ စိန့်ဒန်းနစ်အရပ်ကို ဝင်ရောက်စီးနင်းစဉ်မှာ အသက် ၇ နှစ်အရွယ် ရဲခွေးလေးသေဆုံးခဲ့ရကြောင်းကို ပြင်သစ်အမျိုးသားရဲတပ်ဖွဲ့က တွစ်တာပေါ်ကတဆင့် ကြေငြာခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဟာ အကြမ်းဖက်သမားတွေရှိနေတဲ့ နေအိမ်အတွင်းကိုဝင်ဖို့ ခွေးမလေး ဒီဇယ် ကိုအရင် စေလွှတ်ခဲ့တယ်လို့ ယူဆရပါတယ်။

play

 

ဝင်ရောက်စီးနင်းမှုမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းသမားနှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ “အသက် ၇ နှစ်အရွယ် ခွေးလေး ဒီဇယ်ဟာ တာဝန်ထမ်းဆောင်နေစဉ်အချိန်အတွင်း အကြမ်းသမားတွေရဲ့ လက်ချက်ကြောင့် သေဆုံးသွားခဲ့ရပါပြီ” လို့ ရဲတပ်ဖွဲ့က ကြေငြာခဲ့တာပါ။ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ပို့စ်အောက်မှာ ခွေးလေး ဒီဇယ် ဂုဏ်ပြုကြသူ အများအပြားရှိခဲ့ပါတယ်။ အကြမ်းဖက်သမားအဖွဲ့ထဲမှာ ပါဝင်တဲ့အမျိုးသမီးက သူ့ရဲ့ခါးပတ်ကိုဖြုတ်ပြီး အသေခံဗုံးခွဲလိုက်တဲ့ အချိန်မှာ ခွေးကလေးသေဆုံသွားခဲ့ရတယ်လို့ ဆိုပေမယ့် တရားဝင်အတည်ပြုချက်တော့ မရသေးပါဘူး။

Source & Photos : www.mirror.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ