Lifestyle: ကိုယ်ဝန်မဆောင်မီ အဝလွန်ပါက ကလေးသေဆုံးမှုနှုန်း နှစ်ဆမြင့်မား

ကိုယ်ဝန်ရှိစဉ်တွင် သင့်တော်သော ကိုယ်အလေးချိန်သာ ရှိစေခြင်းဖြင့် မွေးကင်းစကလေး သေဆုံးမှုကို သိသိသာသာ လျှော့ချနိုင်သည်။

play

 

အဝလွန်သော အမျိုးသမီးများ ကိုယ်ဝန်ဆောင်ပါက ၎င်းတို့၏ ကလေးငယ်များ တစ်နှစ်အောက်အရွယ်တွင် သေဆုံးမှုနှုန်းက သာမန်ထက် နှစ်ဆမြင့်မားကြောင်း ကျွမ်းကျင်သူများက သတိပေးသည်။

ကလေးမယူမီ ကိုယ်အလေးချိန် လျှော့ချပြီး ကိုယ်ဝန်ရှိစဉ်တွင် သင့်တော်သော ကိုယ်အလေးချိန်သာ ရှိစေခြင်းဖြင့် မွေးကင်းစကလေး သေဆုံးမှုကို သိသိသာသာ လျှော့ချနိုင်သည်။

play

 

သာမန်ကိုယ်အလေးချိန်ရှိသော အမျိုးသမီးများမှာ ကိုယ်ဝန်ဆောင်စဉ်တွင် ၂၅ ပေါင်မှ ၃၅ ပေါင်အတွင်း ကိုယ်အလေးချိန် တက်သင့်ပြီး အဝလွန်သော အမျိုးသမီးများမှာ ၁၀ ပေါင်မှ ပေါင် ၂၀ အတွင်းသာ တက်သင့်ကြောင်း Pittsburgh တက္ကသိုလ်မှ ကျွမ်းကျင်သူများက အကြံပြုထားသည်။

သို့သော်လည်း အဝလွန်သော အမျိုးသမီးများက ကိုယ်ဝန်ဆောင်စဉ် သင့်တော်သော ကိုယ်အလေးချိန်သာ တက်လျှင်ပင် သာမန်ကိုယ်အလေးချိန်ရှိသော ကိုယ်ဝန်ဆောင်များထက် ကလေးသေဆုံးမှုနှုန်း နှစ်ဆမြင့်တက်နေသေးသည်။

play

 

ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် လျော့ကျခြင်းသည်လည်း ကလေးသေဆုံးနိုင်သည့် အန္တရာယ်ရှိသဖြင့် ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန်လျှော့ချရန်အတွက် ကျွမ်းကျင်သည့် ဆရာဝန်နှင့် ဆွေးနွေးရန် လိုအပ်ကြောင်း ၎င်းတို့၏ သုတေသနအရ သိရသည်။

Source : www.dailymail.co.uk

Photos : i.huffpost.com, www.seven-seas.com, www.electric949.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ