Lifestyle: ကျန်းမာရေးနှင့် ညီညွတ်သည့် နံနက်စာ စားသော ကျောင်းသားများ စာကောင်းကောင်းလုပ်နိုင်

အဆိုပါလေ့လာမှုတွင် အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်း ကလေးငယ် ၅,၀၀၀ ကို ၂၄ နာရီ အတွင်း စားသည့် အစားအစာ စာရင်းကို မေးမြန်းခဲ့သည်။

play

 

ကျန်းမာရေးနှင့် ညီညွတ်သော နံနက်စာစားသည့် ကလေးငယ်များက ယင်းသို့ မစားသည့် ကလေးများထက် ပို၍ စာကောင်းကောင်းလုပ်နိုင်ခြေရှိကြောင်း လေ့လာမှုတစ်ခုက အကြံပြုထားသည်။

သကြားလုံးကဲ့သို့ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများက ကောင်းမွန်သော သက်ရောက်မှု မရှိနိုင်ကြောင်းကိုလည်း အဆိုပါ လေ့လာမှုက တွေ့ရှိခဲ့သည်။

play

 

ဤလေ့လာမှုက ကျောင်းသားများ၏ နံနက်စာစားသောက်မှုနှင့် ၎င်းတို့၏ ပညာရေးဆိုင်ရာ ရလဒ်ကြား တိုက်ရိုက်ဆက်စပ်မှုကို ပထမဆုံးအကြိမ် ထောက်ပြနိုင်ခဲ့ခြင်းဖြစ်သည်။

Cardiff University က ပြုလုပ်သော အဆိုပါလေ့လာမှုတွင် အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်း ကလေးငယ် ၅,၀၀၀ ကို (၂၄) နာရီ အတွင်း စားသည့် အစားအစာ စာရင်းကို မေးမြန်းခဲ့သည်။

play

 

ထို့အပြင် ဝေးလ်စ်ရှိ မူလတန်းကျောင်း ၁၀၀ ကျော်နှင့် လွန်ခဲ့သော ၁၀ နှစ်က စတင်ခဲ့သည့် သုတေသနကိုလည်း အခြေခံထားသည်။

ကလေး ငါးဦးတွင် တစ်ဦးက နံနက်စာအတွက် သကြားလုံးနှင့် အကြော်များကဲ့သို့သော ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများကို စားသုံးပြီး ယင်းသို့ စားသုံးခြင်းက စာမေးပွဲများတွင် ၎င်းတို့၏ စွမ်းဆောင်ရည်ကို ကောင်းမွန်သော သက်ရောက်မှု မရှိခဲ့ကြောင်းလည်း တွေ့ရှိခဲ့သည်။

ထို့အပြင် နံနက်စာ စားသော ကလေးများ၏ စွမ်းဆောင်ရည်က နံနက်စာမစားသော ကလေးငယ်များ၏ စွမ်းဆောင်ရည်နှင့် ယှဉ်လျှင် နှစ်ဆအထိ မြင့်မားကြောင်းလည်း အဆိုပါလေ့လာမှုက တွေ့ရှိခဲ့သည်။

Source : www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ