Lifestyle: မော်ဒယ်လုပ်နေတဲ့ ကင်ဆာရောဂါသည်မလေး

အစပိုင်းမှာ ဆရာဝန်တွေက ကင်ဆာရောဂါ အဆင့် ၂ လို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ ကင်ဆာက အဆင့် ၄ ကို ရောက်နေဖွယ်ရှိကြောင်း သိရှိခဲ့ရပါတယ်။

play

 

ကင်ဆာရောဂါခံစားနေရတဲ့ အသက် ၂၅ နှစ်အရွယ် မိန်းကလေးဟာ မော်ဒယ်အေဂျင်စီတစ်ခုနဲ့ စာချုပ်ချုပ်ဆို ထားပါတယ်။

play

 

နယူးယော့ခ်၊ ဝါးဝစ်ခ်မြို့မှာ နေထိုင်တဲ့ ဒေနာခရစ္စတီဆန် အသက် ၂၂ နှစ်အရောက်မှာ Nodular Sclerosis Hodgkin’s Lymphoma လို့ ခေါ်တဲ့ ကင်ဆာတစ်မျိုး ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့ရပါတယ်။ အစပိုင်းမှာ ဆရာဝန်တွေက ကင်ဆာရောဂါ အဆင့် ၂ လို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ ကင်ဆာက အဆင့် ၄ ကို ရောက်နေဖွယ်ရှိကြောင်း သိရှိခဲ့ရပါတယ်။

play

 

 “ကျွန်မက ကျောင်းပြီးကာစပဲရှိသေးတယ်။ ကျွန်မဘဝရဲ့ နောက်ခြေလှမ်းတစ်လှမ်းအတွက် စဉ်းစားနေတုန်းပေါ့” လို့ သူမက BuzzFeed News နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး ခရစ္စတီဆန်ဟာ သူမရဲ့ရောဂါနဲ့ တိုက်ခိုက်နေရပါတယ်။ သူမဟာ ဓာတ်ကင်တာရော ဆဲလ်အစားထိုးကုသမှုနှစ်ခုရော လုပ်ခဲ့ရပြီးပါပြီ။

play

 

သူမရဲ့ အသက် ၂၀ ကျော်အရွယ် အချိန်အများစုမှာ ကင်ဆာရောဂါကို ပြန်လှန် တိုက်ခိုက်နေရခြင်းနဲ့ပဲ ကုန်ဆုံးနေရပေမယ့်လည်း ခရစ္စတီဆန်ဟာာ အရမ်းကို အံ့သြဖွယ်ကောင်းတဲ့အရာကို ပြုလုပ်နိုင်ခဲ့ပါတယ်။ သူမဟာ မော်ဒယ်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး အခုဆိုရင် နိုင်ငံတကာမော်ဒယ်အေဂျင်စီဖြစ်တဲ့ Major Models နဲ့ အလုပ်လုပ်ကိုင်နေပါတယ်။

play

 

ခရစ္စတီဆန်ဟာ ယခုအထိ  ရှိုးပွဲ ၆ ပွဲ လျှောက်ခဲ့ပြီးဖြစ်ပြီး ကုမ္ပဏီတွေအတွက် ကြော်ငြာတွေမှာလည်း တွေ့မြင်နေရပါပြီ။

Source : www.buzzfeed.com

Photos : www.buzzfeed.com, Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ