AD
AD
AD
play

 

လူသားတိုင်း အသက်ဆက်ဖို့နဲ့ အာဟာရရှိဖို့ နေ့စဉ် အစာစားကြရပါတယ်။ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစာတွေနဲ့ အာဟာရဖြစ်တဲ့ အရာတွေ၊ အရသာရှိအစားစာတွေကို ပိုပြီးစားသုံးကြပါတယ်။ အခု ဖော်ပြမယ့် အစားအစာတွေက နေ့စဉ်သင်စားသုံးနေတဲ့ စာရင်းထဲမှာ ပါဝင်ဖို့ သေချာသလောက်ရှိပြီး မြန်မြန်အသက်မတို စေဖို့ ရှောင်ရမယ့် စာရင်းတွေဖြစ်ပါတယ်။

၁။ ဆိုဒါ

play

 

အမြုပ်တစ်စီစီထပြီး ဂတ်စ်ပါဝင်တယ်လို့ အလွယ်သိထားကြတဲ့ ကိုလာ၊ ပက်စီ၊ လိမ္မော်ရည် စတာတွေဟာ ဆိုဒါအချိုရည်ဖြစ်ပါတယ်။ ကာဘွန်နိတ်အရည်နဲ့ အနံ့၊ အချို စတာတွေကို အချိုးညီညီပေါင်းစည်းပြီး ပြုလုပ်ထားတာပါ။ နေ့စဉ်သောက်မယ်ဆိုရင် သင်အဝလွန်ဖို့ သေချာပါတယ်။

၂။ အာလူးကြော်

play

 

အာလူးကြော်က အရသာရှိပါတယ်။ အလွယ်တကူဝယ်လို့ရပြီး ဈေးချိုတော့ လူကြိုက်များပါတယ်။ ဒါပေမယ့် သင့်ကိုတခဏအတွင်း ကိုယ်အလေးချိန်တိုးလာစေမယ့် အရာတွေတွေထဲက အာလူးကြော်လည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ ကယ်လိုရီအများဆုံးပါဝင်တာ အာလူးကြော်ပါ။

၃။ အသင့်စားကွတ်ကီးများ

play

 

ကွတ်ကီးတွေကလည်း အန္တရာယ်ရှိပါတယ်။ အများအားဖြင့် ကွတ်ကီးတွေကို ပြုလုပ်ရာမှာ အုန်းဆီသုံးတက်ကြပါတယ်။ ဒါသင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။

၎။ ဆီကြော်မုန့်များ

play

 

ဆီကြော်မုန့်တွေလို့ ဆိုလိုက်ရင် အတော်များများပါဝင်သွားပြီ ဖြစ်ပါတယ်။ KFC နဲ့ McDonald’s ကမုန့်တွေကိုလည်း ဆီကြော်မု့န်စာရင်းထဲ သွင်းလို့ရပါတယ်။ သင်က မြန်မြန်ဝဖြီးလာချင်တယ်ဆိုရင်တော့ ဒါတွေကို စားနိုင်ပါတယ်။ သင်အမြန်ဆုံး ဝိတ်တက်လာဖို့ နည်းလမ်းပါပဲ။

၅။ ရေခဲမုန့်

play

 

ရေခဲမုန့်ကတော့ အန္တရာယ်မရှိနိုင်လောက်ဘူးလို့ သင်တွေးချင်တွေးနိုင်ပါတယ်။ နေ့တိုင်းစားရင်တော့ အန္တရာယ်ရှိပါတယ်။ ရေခဲမုန့်မှာ သကြားပါဝင်မှုနှုန်းအရမ်းများလို့ဖြစ်ပါတယ်။

၆။ ဝက်သား

play

 

ဝက်သားက သိပ်အရသာရှိတော့ လူကြိုက်နီးပါးကြိုက်ကြပါတယ်။ ဒါပေမယ့် ဝက်သာစားပြီးရင်  အစာချေဖျက်ဖို့ သင့်ရဲ့အစာအိမ်က အတော်အချိန်ယူရပါတယ်။ ပြီးတော့ ပုံမှန် ဝက်သားစားသူတွေဟာ အူမကြီးကင်ဆာဖြစ်နိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။

၇။ ချိစ်(ဒိန်ခဲ)

play

 

ဒိန်ခဲကို နေ့စဉ်စားသုံးရင်လည်း အဝလွန်ဖို့ အတော်အခွင့်အလမ်းများမှာပါ။

Source & Photos : www. healthydietbase.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD