Lifestyle: တစ်ပတ်မှာတစ်ကြိမ်သာ ချစ်တင်းနှောသူများက ပိုပျော်ရွှင်ကြဟု စစ်တမ်းကဖော်ထုတ်

လေ့လာမှု အသစ်အရ ပိုပြီးပျော်ပျော်နေနိုင်တဲ့သူတွေဟာ တစ်ပတ်မှာ တစ်ခါသာ ချစ်တင်းနှော ဖြစ်နေကြတာ တွေ့ရပါတယ်။

play

တစ်ပတ်ကို တစ်ကြိမ်သာ ချစ်တင်းနှောသင့်ပါသတဲ့

လေ့လာမှုအသစ်တစ်ခုအရ ပိုပြီးပျော်ရွှင်ရတဲ့ ဘဝကိုအခြေအနေကို ပိုင်ဆိုင်နိုင်ဖို့ တစ်ပတ်တစ်ခါ ချစ်တင်းနှော သင့်တယ်လို့ဆိုပါတယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုပြီး ချစ်တင်းနှောတဲ့သူတွေကလည်း ပိုပြီးပျော်ရွှင်ကြတာ မဟုတ်သလို တစ်ပတ်ကိုတစ်ကြိမ်တောင် ချစ်တင်းနှောခြင်း မရှိသူတွေဆိုရင် ပိုတောင်မပျော်ရွှင်ကြဘူးလို့ ဆိုပါတယ်။

play

တစ်ပတ်တစ်ကြိမ်တောင် ဆက်ဆံခြင်းမရှိရင်တော့ မပျော်ရသူဖြစ်ဖို့ များပါတယ်

နှစ်ပေါင်း လေးဆယ်အတွင်း စီမံချက်သုံးခု ပြုလုပ်စဉ် အမေရိကန်မှာ နေထိုင်သူ သုံးသောင်းကျော်ကို လေ့လာထားတဲ့ စစ်ချက်အရ ဒီရလဒ်ထွက်လာတာပါ။ ဒါပေမယ့် တစ်ခုသတိပြုစရာက လိင်မှုရေးရာရဲ့ အကျိုးသက်ရောက်မှုဟာ တစ်ဦးနဲ့တစ်ဦးအပေါ် သက်ရောက်မှုချင်း တူနိုင်မှာ မဟုတ်ဘူးလို့ သုတေသီတွေက သတိပေးထားပါတယ်။ ဒီလေ့လာချက်ရလဒ်က တိကျခိုက်မာတယ်လို့တော့ ပညာရှင်တွေက ပြောမထားသေးပါဘူး။ တစ်ပတ်ကို တစ်ကြိမ်တစ်ခါလောက် လိင်ဆက်ဆံလို့  လူတွေပျော်ရွှင်ကြတာ ဖြစ်နိုင်သလို လူတွေကိုယ်တိုင်က တစ်ပတ်တစ်ခါလောက်ပဲ လိင်ဆက်ဆံရတာ ကြိုက်ကြတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

play

 

လေ့လာမှုမှာ ခွဲခြားသိခဲ့ရတာက တစ်ပတ်ကို တစ်ခါထက်ပိုပြီး လိင်ဆက်ဆံသူတွေအတွက် ပိုပျော်ရတာ၊ ပိုဝမ်းနည်းရတာ သိပ်မရှိပါဘူး။ ဒါပေမယ့် တစ်ပတ်ကိုတစ်ခါတောင်လိင်ဆက်ဆံမှု မရှိသူတွေအတွက်တော့ ဝမ်းနည်းစရာတွေ များတက်တယ်လို့ လေ့လာမှုက ဆိုပါတယ်။

Source : www.time.com

Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ