Lifestyle: အမျိုးသမီးများလစာ အမျိုးသားများထက် ပိုများမယ့်အချိန်

လက်ရှိအချိန်ထိတော့ ပျှမ်းမျှအားဖြင့် အမျိုးသားတွေက လုပ်ငန်းခွင်တွေမှာ ဝင်ငွေပိုရနေဆဲ ဖြစ်ပါတယ်။

play

 

အမျိုးသားဝန်ထမ်းနဲ့ အမျိးသမီးဝန်ထမ်းတွေအကြား ဝင်ငွေရရှိမှုဟာ အမြဲတမ်း မညီမမျှ ဖြစ်နေခဲ့တာ အခုချိန်ထိပါပဲ။ နောင်နှစ်ပေါင်း ၁၁၈ နောက်အထိ ဒီလိုဝင်ငွေကွာဟမှု ပြဿနာက ရှိနေလိမ့်ဦးမှာ ဖြစ်တယ်လို့ ကမ္ဘာ့စီးပွားရေးဆွေးနွေပွဲက တင်ပြထားပါတယ်။

play

အမျိုးသမီးတွေ နေရာအရဆုံး နိုင်ငံ

တိတိကျကျဆိုရရင် ၂၁၁၃၃ ခုနှစ်ရောက်မှသာ အမျိုးသားနဲ့ အမျိုးသမီးတွေ ရရှိတဲ့လစာငွေဟာ အတူတူ ဖြစ်သွားလိမ့်မယ်လို့ လေလ့ာချက်က ဖော်ထုတ်ထားပါတယ်။ လက်ရှိအချိန်ထိတော့ တကမ္ဘာလုံးကို ခြုံငုံတွက်ချက်ထားမှုအရ ၂၀၁၅ မှာအမျိုးသမီးတွေ ရနေတဲ့လစာငွေဟာ ၂၀၀၆ ခုနှစ်လောက်က အမျိုးသားတွေ ရခဲ့တဲ့လစာငွေ ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ထက် စာရင် လုပ်ငန်းခွင်မှာ အမျိုးသမီးတွေ ပိုပြီးနေရာရလာပြီဖြစ်ပါတယ်။ ဒါပေမယ့် ဝင်ငွေညီမျှဖို့တော့ အချိန်ထပ်စောင့်ရဦးမှာပါ။

play

 

အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ လုပ်ငန်းခွင်၊ ကျန်းမာရေး စတဲ့နေရာတွေမှာ တန်းတူအခွင့်အရေး အပေးနိုင်ဆုံး နိုင်ငံတွေက အိုက်စ်လန်၊ နော်ဝေ၊ ဖင်လန်နဲ့ ဆွီဒင်တို့ ဖြစ်ပါသတဲ့။ အမျိုးသမီးဝန်ထမ်းက အမျိုးသား ဝန်ထမ်းဦးရေထက် ပိုများတဲ့ နိုင်ငံတွေကတော့ အာဖရိကမှာရှိပြီး မာလာဝီ၊ မိုဇစ်ဘစ်၊ ရဝမ်ဒါနဲ့ ဘူရန်ဒီတို့ ဖြစ်ပါတယ်။ အမျိုးသမီးခေါင်းဆောင်ပိုများတဲ့ နိုင်ငံတွေကတော့ ကိုလံဘီယာ၊ ဖီဂျီနဲ့ ဖိလစ်ပိုင်တို့ ဖြစ်ပါတယ်။

Source & Photos : www.bbc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ