Lifestyle: ကိုယ့်ကို သူတကယ် ချစ်မချစ် ဘယ်လိုသိနိုင်မလဲ

သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကိုယ်ချစ်တိုင်းလည်း သူချစ်ချင်မှ ချစ်တာလေ။ အဲဒီတော့ ကိုယ့်ကို သူ ချစ်မချစ် သိနိုင်မယ့် သူ့ရဲ့ အရိပ်လက္ခဏာတချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ လိုက်လျောတတ်လာတယ်

play

 

သူလုပ်ချင်တာ မလုပ်တော့ပါဘူး။ သင်လုပ်ချင်တာကို ဦးစားပေးလိမ့်မယ်။ သူတို့ပျော်ရွှင်မှုထက် သင့်ရဲ့ပျော်ရွှင်မှုကို ပိုပြီး အလေးထား လာလိမ့်မယ်။

၂။  သူ့မိသားစုနဲ့ မိတ်ဆက်ပေးလိမ့်မယ်

play

 

သင်ဟာ သူနဲ့ တွဲနေတဲ့သူ သက်သက် မဟုတ်တော့ပါဘူး။ သင့်ကို မိသားစုဝင်အဖြစ် သတ်မှတ်လိုက်တဲ့ အချိန်ပေါ့။

၃။ သင့်ရဲ့ရှေ့မှာ လေလည်လိမ့်မယ်

play

 

မချစ်သေးရင် သင့်ရှေ့မှာ သူလေလည်ရဲမှာ မဟုတ်ပါဘူး။ တကယ်ချစ်လာပြီဆိုရင် ဟန်ဆောင်မှုတွေ ကွာကျသွားတဲ့ သဘောပေါ့။

၎။ သင်နေမကောင်းဖြစ်နေရင်တောင် နမ်းလိမ့်မယ်

play

 

ဘယ်သူမှ နေမကောင်း မဖြစ်ချင်ကြပါဘူး။ သင့်ရဲ့နှုတ်ခမ်းကို နမ်းတဲ့အခါ သူတို့လည်း နေမကောင်း ဖြစ်သွားနိုင်တယ်လေ။ တကယ်ချစ်သွားရင်တော့ ဒါတွေကို ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။

၅။ သူ့ရဲ့အကြည့်

play

 

သင့်ကို သူကြည့်တဲ့အကြည့်က မောင်နှချင်း အကြည့်ဆိုရင်တော့ သမီးရည်းစား အချစ်မျိုး ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သင်တစ်ယောက်တည်းသာ သူ့ကမ္ဘာမှာရှိတယ် ဆိုတဲ့အကြည့်မျိုးနဲ့ ကြည့်လာပြီဆိုရင်တော့ သူ သင့်ကို တကယ်ကို ချစ်နေပါပြီ။

၆။ သင်ကြိုက်တဲ့ ရုပ်ရှင်ရွေးခွင့်ပေးလိမ့်မယ်

play

 

လူနှစ်ယောက်က ရုပ်ရှင်တစ်ခုတည်းကို ကြည့်ချင်တယ်ဆိုတာ အတော်မှ ရှားပါတယ်။ တကယ်လို့ သင့်ကို ဦးစားပေးတဲ့သူကို တွေ့လာပြီဆိုရင်တော့ သူ သင့်ကို ချစ်နေတာ ဖြစ်နိုင်ပါတယ်။

၇။ သင့်ရဲ့ သဘာဝကိုယ်နံ့ကို နှစ်သက်လိမ့်မယ်

play

 

သင့်ကိုယ်နံ့ကို သင်ကိုယ်တိုင် မနှစ်သက်နိုင်တဲ့အချိန်မျိုးတွေက သူက သဘောကျ နှစ်သက်နေပါလိမ့်မယ်။

၈။ သင့်အတွက် သင်္ကေတတစ်ခု လုပ်ပေးလိမ့်မယ်

play

 

ငါ နင့်ကိုချစ်တယ်လို့ အဓိပ္ပာယ်ရတဲ့ သင်္ကေတစ်ခုခုကို သူ့စိတ်ကူးနဲ့သူ ပေးလာပြီဆိုရင်တော့ အချစ်စစ် တကယ်ပေါက်ဖွားလာပြီလို့ သေချာပေါက် ပြောနိုင်လောက်ပါပြီ။

၉။ အလိုလို သိတယ်

play

 

အချစ်ခံရတယ်လို့ ခံစားနေရပြီဆိုရင်တော့ အဲဒါ မှန်နိုင်ပါတယ်။ လူတစ်ယောက် ကိုယ့်ကို ချစ်မချစ်သိနိုင်တဲ့ နည်းတွေ အများကြီးရှိပေမယ့် တကယ်တော့ စိတ်ထဲကလည်း အလိုလိုသိနေတတ်ပါတယ်။

ှSource : www.hellogiggles.com

Photos : www.valentines-day.co, cdn29.elitedaily.com, si.wsj.net, www.listsforall.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ