play

 

အသက်ကြီးလာတာနဲ့အမျှ လူတိုင်းရင်ဆိုင်ရနိုင်ချေရှိတဲ့ နှလုံးရောဂါနဲ့ အဆီဓါတ်များတာကို သင်ကြိုပြီး ကာကွယ်လိုပါသလား။ ဒါဆိုရင်တော့ နေ့စဉ် သစ်ကြားသီးကို စားဖို့ တိုက်တွန်းပါရစေ။

play

သစ်ကြားသီးက နှလုံးရောဂါကို ကာကွယ်ပါတယ်

အသစ်ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ သစ်ကြားသီးကို နေ့စဉ် လက်နှစ်ဆုတ်စာလောက် စားသုံးခြင်းဟာ ကိုလက်စထရောဓါတ်ကို ထိန်းညှိပေးတဲ့အပြင် နောင်အခါ ဖြစ်လာနိုင်ချေရှိတဲ့ နှလုံးနဲ့ ပတ်သတ်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးတယ်လို့ သုတေသီတွေက ပြောပါတယ်။ အဆီတွေကို ချေဖျက်ပေးတဲ့ အာဟာရဓါတ်ပြုပစ္စည်းတွေ၊ ပရိုတိန်းနဲ့ ဗီတာမင်တွေကို သစ်ကြားသီးမှာ အများအပြား တွေ့ရလို့ အခုလို နှလုံးရောဂါကို ကာကွယ်ပေးတာလို့ ဆိုပါတယ်။

play

အခွံမာအသီးတွေက ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်

Life Sciences Research အဖွဲ့အစည်းက ပြုလုပ်တဲ့ လေ့လာချက်အရ အခုလို ရလဒ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ သစ်ကြားသီးတစ်မျိုးတည်း မဟုတ်ပဲ အခြားသော အခွံမာသီးတွေကလည်း အထောက်အကူပေးနိုင်ပါတယ်။ လူပေါင်း ၂၅၈၂ ဦးကို လေ့လာခဲ့မှု အရ ဒီရလဒ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

Source : www.dailymail.co.uk

Photos : www.activeonegroup.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video