Lifestyle: ဖေ့စ်ဘွတ်မှာ သင်အသုံးများတဲ့ စကားလုံးတွေကို ဖော်ပြမယ့်ဝက်ဘ်ဆိုက်

, updated

သင်ဖေ့စ်ဘွတ်သုံးခဲ့တဲ့ တောက်လျှောက် တင်ခဲ့သမျှ အကြောင်းအရာတွေမှာ ဘယ်လိုစကားလုံးတွေ အများဆုံးသုံးဖြစ်လဲဆို မှတ်မိပါသလား။

play

 

ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေကြတဲ့ နည်းပညာနဲ့ လူမှုကွန်ယက်တွေကြားထဲမှာ ဖေ့စ်ဘွတ်ကလည်း မပါမဖြစ်လို့ဆိုနိုင်ပါတယ်။ သင်ဖေ့စ်ဘွတ်ကို စတင်သုံးတဲ့ အချိန်ကစပြီး အခုအထိ တင်ခဲ့တဲ့ အကြောင်းအရာပေါင်း များစွာရှိမှာပါ။

play

 

သင်ဖေ့စ်ဘွတ်သုံးခဲ့တဲ့ တောက်လျှောက် တင်ခဲ့သမျှ အကြောင်းအရာတွေမှာ ဘယ်လိုစကားလုံးတွေ အများဆုံးသုံးဖြစ်လဲဆို မှတ်မိပါသလား။ ဒါကိုမှတ်မိဖို့ မလွယ်ပါဘူး။ မပူပါနဲ့။ သင်ဖေ့စ်ဘွတ်မှာ ဘယ်လိုအကြောင်းအရာတွေ၊ ဘယ်လိုစကားလုံးတွေ အသုံးအများဆုံးလဲဆိုတာ ဆန်းစစ်ဖော်ထုတ်ပေးမယ့် ဝက်ဘ်ဆိုက်တစ်ခု ထွက်လာပါပြီ။ Vonvon.me လို့ခေါ်တဲ့ ဝက်ဘ်ဆိုက်က ဒီအဖြေကို ထုတ်ပေးနိုင်ပါတယ်။

play

 

ဥပမာ သင်က မကြာခဏ ဖေ့စ်ဘွတ်မှာ အိမ်ကခွေးကလေးအကြောင်းသူ့ရဲ့ နာမည်နဲ့ တကွတင်တယ်ဆိုပါစို့။ သင့်ရဲ့အချစ်တော် ခွေးကလေးနာမည်ကို ဝက်ဘ်ဆိုက်က ပြန်ဖော်ပြပေးမှာ သေချာပါတယ်။ ဒါတင်မကသေးပါဘူး။ အခြားသော သင်တဲ့ခဲ့တဲ့ အကြောင်းအရာအများစွာကိုလည်း စကားလုံးတွေအဖြစ် စုစည်းကာ တစ်နေရာတည်းမှာ ပြန်ဖော်ပြပေးမှာပါ။ ကဲ စမ်းကြည့်လိုက်ပါဦး။

သွားရမယ့် ဝက်ဘ်ဆိုက်လိပ်စာ အပြည့်အစုံက ဒီမှာပါ။

http://en.vonvon.me/quiz/550

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ