Lifestyle: အမျိုးသမီးဝန်ထမ်းတွေအတွက် ဓာတ်ပုံပြိုင်ပွဲလာပြီ

ကိုယ်လုံးပြည့်ပုံနဲ့ ကိုယ်တစ်ပိုင်းပုံတို့ကို ပေးပို့ရမှာဖြစ်ပြီး မဲပေးတဲ့စနစ်နဲ့ အမှတ်ပေးမှာပါ။

play

 

မြန်မာပြည်တွင်းက WeChat application အသုံးပြုသူ အမျိုးသမီးတွေ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် အွန်လိုင်းဓာတ်ပုံပြိုင်ပွဲတစ်ခု မကြာမီ ပြုလုပ်သွားတော့မှာပါ။

ပြိုင်ပွဲရဲ့ ခေါင်းစဉ်က အလှဆုံးဝန်ထမ်းပျိုမေ အမည်နဲ့ ပြုလုပ်သွားမှာဖြစ်ပြီး ပါဝင်ချင်တယ်ဆိုရင်တော့ WeChat ရဲ့ MM-e-life ဆိုတဲ့ ID ကို Follow လုပ်ပြီး chat box ကနေ အမည်၊ ဖုန်းနံပါတ်၊ ကုမ္ပဏီအမည်၊ ၀ါသနာ၊ ကိုယ်နှစ်သက်တဲ့အရာတစ်ခု၊ ကိုယ်လုံးပြည့်ဓာတ်ပုံတစ်ပုံ နဲ့ အလှပုံတစ်ပုံတို့ကို ပေးပို့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲကာလကတော့ ၂၀၁၅ ၊ ဒီဇင်ဘာ ၁ ရက်နေ ၁၁ ရက်နေ့အထိ ဖြစ်ကာ ဆုကြေးတွေကတော့ ပထမဆု ကျပ် ၆သိန်း၊ ဒုတိယဆု ကျပ် ၄သိန်း နဲ့ တတိယဆု ကျပ် ၂ သိန်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ပထမ၊ ဒုတိယ၊ တတိယ ဆုရှင်တွေကို OPPO Neo 7 စမတ်ဖုန်းတစ်လုံးစီ ချီးမြှင့်သွားမယ့်အပြင် ဇကာတင်ပြိုင်ပွဲဝင်တွေကိုလည်း ကျပ်တစ်သောင်းတန် ဖုန်းငွေဖြည့်ကတ်တွေ ပေးသွားဦးမယ်လို့ သိရပါတယ်။

အဲ့ဒီပြိုင်ပွဲကို MM-e-Life၊ WeChat app နှင့် OPPO Myanmar တို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး OPPO Myanmar က အဓိက ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

Source and Photo : Oppo Myanmar Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ