Lifestyle: ဆေးဝါးအကူအညီမပါပဲ ခေါင်းကိုက်ပျောက်တဲ့ နည်းလမ်း

ခေါင်းကိုက်ဝေဒနာဟာ ခံစားရသူတွေအတွက်တော့ ဘာကိုမှ မလုပ်နိုင်တဲ့ အဟန့်အတား တစ်ခု ဖြစ်ပါတယ်။

play

ခေါင်းကိုက်ဝေဒနာဟာ ခံစားရ ခက်ပါတယ်

ခေါင်းကိုက်ဝေဒနာဟာ သင့်ရဲ့ပျော်နေရတဲ့ နေရက်တွေကို ချက်ခြင်းဖျက်စီးပစ်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီတော့ ခေါင်းကိုက်ဝေဒနာဖြစ်လေ့ရှိသူတွေကို ကုသနည်းအမျိုးအမျိုးနဲ့ လေ့လာခဲ့မှုအရ သာမန်လေ့ကျင့်ခန်းတွေကတဆင့် ပျောက်ကင်းသက်သာစေတဲ့နည်းလမ်းတွေ ရှိလာပါပြီ။

 တစ်ပတ်ကို သုံးကြိမ်လောက် တစ်ခါကို မိနစ် ၄၀ လောက်စီ စက်ဘီးစီးပေးရင် ခေါင်းကိုက်ပျောက်တယ်လို့ ဆွီဒင်ဆေးသုတေသန လေ့လာမှုတစ်ခုက ဆိုထားပါတယ်။ စက်ဘီးစီး လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် ဘာဆေးဝါး အကူအညီမှ မလိုပဲ ခေါင်းတစ်ခြမ်းကိုက်တာမျိုးတွေ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။ ဆေးဝါးသောက်တာမှ ဘေးထွက်ဆိုးကျိုးအချို့ရှိနိုင်ပါတယ်။ ဒါက ဘာဘေးထွက်ဆိုးကျိုးမှ မရှိနိုင်ဘူးလို့ ဆေးသုတေသီတေက အာမခံထားပါတယ်။

play

စက်ဘီးစီးလေ့ကျင့်ခန်းက ခေါင်းကိုက်ပျောက်စေပါတယ်

ခေါင်းကိုက်တာကို ပျောက်ကင်းစေတဲ့ နောက်လေ့ကျင့်ခန်း တစ်မျိုးကတော့ အေရိုဘစ်လေ့ကျင့်ခန်းဖြစ်ပါတယ်။ အေရိုးဘစ်လေ့ကျင့်ခန်းက ပုံမှန်ခေါင်းကိုက်မှုကို ပျောက်ကင်း စေကြောင်း နယူးယော့ခ်ခေါင်းကိုက်ဝေဒနာကုသရေးဌာနက စီမံခန့်ခွဲမှုဒါရိုက်တာ မောက်စ်ကော့က အတည်ပြုပေးထားတာပါ။

ခေါင်းကိုက်ဝေဒနာဟာ ဖိအားတွေကတဆင့် ရောက်လာတက်တဲ့ အရာမျိုးပါ။ ဖိအားကင်းစေဖို့အတွက် အလုပ်တွေကို အစီအစဉ်တကလုပ်ဆောင်နိုင်ဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ ရှုပ်ထွေးစွာ လုပ်ကိုင်တက်သူဆိုရင် ခေါင်းကိုက်ဝေဒနာဖြစ်ဖို့ အခွင့်အလမ်းပိုများတယ်လို့ သုတေသီတွေက အတည်ပြုထားတာပါ။ အခြားသော အကြောင်းအရာတွေကြောင့် ခေါင်းကိုက်ရတာမျိုးလည်းရှိပါတယ်။ အိပ်စက်မှု နည်းပါးခြင်း၊ မျိုးရိုးလိုက်ခြင်းနဲ့ အစားအသောက်တို့ကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။

play

ရေကူးတာနဲ့ အေရိုဘစ်ကစားတာလည်း လုပ်လို့ရပါတယ်

ပုံမှန်အားဖြင့်တော့ တစ်ပတ်ကိုသုံးကြိမ်လောက် အပြေးလေ့ကျင့်ခန်း၊ ရေကူးလေကျင့်ခန်းနဲ့ စက်ဘီစီး လေ့ကျင့်ခန်းတွေ လုပ်ပေးရင် ခေါင်းကိုက်ဝေဒနာသက်သာလျော့ပါးစေမှာပါ။

Source : www.yahoo.com

Photos : www.lifestyle.au, www.aloemiracle.wordpress.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ