Lifestyle: နှစ်နှစ်လောက် အချိန်ယူရိုက်ခဲ့ရတဲ့ ဓာတ်ပုံတွေ

အီတလီဓာတ်ပုံဆရာ ဘားနက်စ်ကိုနီက ဒီဓာတ်ပုံတွေရဖို့ နှစ်နှစ်လောက် အချိန်ယူပြီး ပြင်ဆင်ခဲ့ရတာပါ။

play

 

ကမ္ဘာမှာ ဥရောပတစ်တိုက်စာလောက်ကျယ်ဝန်ပြီး လူပေါင်း ထောင်ဂဏန်းလောင်ပဲ နေထိုင်တဲ့ ဒေသတစ်ခု ရှိပါတယ်။  အဲဒီနေရာကတော့ တစ်ခါတစ်ရံမှာ အပူအချိန် အနုတ် ၉၀ စင်တီဂရိတ်လောက်အထိ ရောက်တက်တဲ့ အန္တာတိကတိုက်ပါ။

ဆုရအီတလီဓာတ်ပုံဆရာ အဲလက်စ်ဘားနက်စ်ကိုနီဟာ အန္တာတိကတိုက်အတွင်းက သဘာဝတိရိစ္ဆာန်တွေရဲ့ အလှကို ဓာတ်ပုံရိုက်ကူးဖို့ စိတ်အားထက်သန်ခဲ့သူ ဖြစ်ပါတယ်။ ရာသီဥတုပြင်းထန်ပြီး အန္တရာယ်တွေပြည့်နှက်နေပြီး ပြင်းထန်တဲ့ ရာသီဥတုမှာ သူလိုချင်တဲ့ ဓာတ်ပုံတွေရိုက်ကူးနိုင်ဖို့ နှစ်နှစ်လာက် အချိန်ပေးခဲ့ရသူပါ။

play

ပင်လယ်ဖျံနဲ့ ပင်ဂွင်းတွေ

ရေခဲဒေသအတွင်း နေထိုင်ကျက်စားကြတဲ့ ပင်ဂွင်း၊ ပင်လယ်ဖျံ၊ ဝေလငါးတို့ရဲ့ သဘာဝဓာတ်ပုံတွေကို အံ့မခန်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သစ်ထွက်ရှိလာတဲ့ ဘားနက်စ်ကိုနီရဲ့ ဓာတ်ပုံစာအုပ်အသစ် Blue Ice မှာ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို တွေ့နိုင်ပါတယ်။

play

ပင်ဂွင်းတွေရဲ့ သဘာဝနေထိုကျက်စားမှု ပုံစံပါ

Blue Ice ဆိုတဲ့အတိုင်း အပြာရောင်သန်းနေတဲ့ ရေခဲပြင်သဘာဝတောရိုင်းတိရိစ္ဆာန်တွေရဲ့ သဘာဝဓါတ်ပုံတွေအချို့ကို စုစည်းဖော်ပြထားပါတယ်။ ပြင်းထန်ပြီး ဘာကိုမှ ခန့်မှန်းလို့မရတဲ့ အန္တာတိက ရာသီဥတုကြောင့် ဒီဓာတ်ပုံတွေအတွက်သူ နှစ်နှစ်လောက် ပြင်ဆင်ခဲ့ရတာ ဖြစ်ကြောင်း ဓာတ်ပုံဆရာ ဘားနက်စ်ကိုနီက စီအင်န်အင်န်နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

play

ဒီလိုအံ့သြမှင်သက်လောက်စရာ ရှုခင်းတွေလည်း ရှိပါတယ်

လွန်ခဲ့တဲ့နှစ်တစ်ရာလောက်တုန်းကဆိုရင်တော့ အန္တာတိကသွားပြီး အန္တရာယ်ကင်းကင်း ပြန်လာဖို့ဆိုတာ သိပ်မသေချာပေမယ့် အခုတော့ ခေတ်မီသင်္ဘောတွေ၊ ဂြိုလ်တုဆက်သွယ်ရေး နည်းပညာတွေနဲ့ နောက်ဆုံးပေါ် ကင်မရာပစ္စည်းတွေကြောင့် အရင်လောက်မခက်ခဲတော့ဘူးလို့ ဘားနက်စ်ကိုနီက ဆိုပါတယ်။ ဒါကြောင့် အရင်တုန်းက သွားခဲ့သူတွေကသာ တကယ့်စွန့်စားရှာဖွေသူတွေပါလို့ သူကပြောတာပါ။

play

 

Source : www.cnn.com

Photos : Bernasconi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ