Lifestyle: ဝမ်းမသွားပဲ အောင့်ထားတဲ့ အကျင့်ကြောင့် ရမယ့် ရောဂါတွေ

ဝမ်းသွားချိန်တဲ့အခါ အလုပ်ကြောင့်၊ နေရာကြောင့် အကြောင်းအမျိုးမျိုးနဲ့ အောင့်ထားတက်ကြသူတွေ ရှိပါတယ်။

 

သင်တောင် သတိမထားလိုက်ပဲ သင့်အသက်ကို ရန်ရှာနေတဲ့ အမူအကျင့် တစ်ခုကို သိပါလားသလား။ လမ်းသွားရင်း ဗိုက်နာလာလို့ အများပြည်သူသုံး သန့်စင်ခန်းတွေထဲ ဝင်ရင် ရောဂါကူးနိုင်တယ်ဆိုတဲ့ အသိနဲ့ ကြောက်တက်ကြပေမယ့် အဲဒါထက် အန္တရာယ်များတဲ့ အရာရှိပါတယ်။

အဲဒါကတော့ ဝမ်းသွားချင်တာ မသွားပဲ ခဏခဏအောင့်ထားတက်တဲ့ အကျင့်ပဲ ဖြစ်ပါတယ်။ ဝမ်းသွားချင်တာကို မကြာခဏဆိုသလို ထိန်းထားခြင်းဟာ ဆီဝမ်းလေ မမှန်ဖို့အတွက် လမ်းစဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓကိုယ်အတွင်းကြွက်သားတွေရဲ့ အလုပ်လုပ်ဆောင်နိုင်မှု ကိုလည်း ပျက်စီးသွားစေတက်ပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင် အခြေအနေကြောင့် ဆီးဝမ်းအောင့်ထားရလေ့ရှိတဲ့ ဆရာမတွေနဲ့ သူနာပြုတွေအတွက် အန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။ မက်ဆာချူးဆက် အထွေထွေဆေးရုံက ဆရာဝန် စတယ်လာက ဒီသတိပေးမှုကို လူသိရှင်ကြား ပြောကြားခဲ့တာပါ။

 

ဝမ်းမမှန်တာတွေအတွက် ဝမ်းနုတ်ဆေးတွေကလည်း အဖြေမဟုတ်ဘူးလို့ ဆိုပါတယ်။ ဝမ်းသွားချင်တာကို မကြာမကြာအောင့်ထားခြင်းကလည်း ရေရှည်ကျန်းမာရေးအတွက် တကယ်ကိုစိုးရိမ်ရတဲ့ အရာပါ။ ဝမ်းသွားချင်တာကို အောင့်ထားခြင်းက ဝမ်းကိုမာကျောစေပါတယ်။

နောက်ပိုင်းမှာ ဝမ်းမမှန်တဲ့ပြဿနာ၊ ဗိုက်အောင့်တဲ့ ပြဿနာနဲ့ နှလုံးရောဂါတို့ကိုပါ ဖြစ်လာစေတယ်လို့ ဆိုပါတယ်။

Souce : www.metro.co.uk

Photos : www.knowtechi.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ