Lifestyle: ကလေးငယ် ငါးဦးတွင် တစ်ဦးမှာ အင်တာနက်မှ အရာများ အားလုံးအမှန်ဟု ယူဆထားကြ

၁၉၉၀ နောက်ပိုင်းမွေးတဲ့ ကလေး ၂၀ ရာခိုင်နှုန်းလောက်က အင်တာနက်ပေါ်က အရာတွေက အမှန်တွေချည်းပဲ လို့ လက်ခံထားကြပါတယ်။

play

 

၁၉၉၉ ခုနှစ်နောက်ပိုင်း မွေးဖွားကြီးပြင်းလာတဲ့ ကလေးငယ်တွေအတွက် စိုးရိမ်စရာ သုတေသန တစ်ခု ပေါ်ထွက်ကလာပါပြီ။ သုတေသနရလဒ်အရ ၁၉၉၉ ခုနှစ်နောက်ပိုင်းမွေးဖွားတဲ့ ကလေးငယ်တွေဟာ အင်တာနက်ပေါ်က တွေ့သမျှ အရာအားလုံးကို တကယ့်အဖြစ်အပျက်တွေလို့ ယူဆနေကြပါတယ်။

play

၁၉၉၉ ခုနှစ်နောက်ပိုင်း မွေးတဲ့ ကလေးတွေကို လေ့လာထားတာပါ

ဗြိတိန်မှာရှိတဲ့ Ofcom အဖွဲ့ရဲ့ သုတေသနပြုချက်အရ ဒီရလဒ်ထွက်လာတာပါ။ ယနေ့ ၁၂ နှစ်ကနေ ၁၅ နှစ်ကြားရှိတဲ့ ကလေးငယ်တွေကို လေ့လာခဲ့တာဖြစ်ပြီး အင်တာနက်အသုံးပြုမှုနဲ့ ယဉ်ပါးနေသူတွေကို စစ်တမ်းကောက်ယူမေးမြန်းခဲ့တာပါ။ လေ့လာခဲ့တဲ့ ကလေးငယ် ၅၀ ရာခိုင်နှုန်းလောက်ကတော့ အင်တနာက်ပေါ်က ရှာဖွေလို့ရသမျှကို ယုံသင့်မယုံသင့် စဉ်းစားကြတယ်လို့ ဆိုပါတယ်။

play

ငါးဆယ်ရာခိုင်နှုန်းလောကက်တော့ မြင်သမျှကို ချင့်ချိန်ပြီးမှ ယုံကြပါတယ်

ဒါပေမယ့် အနည်းဆုံး ၂၀ ရာခိုင်နှုန်းလောက်ကတော့ ဒီလိုမဟုတ်ပဲ အင်တာနက်ပေါ်က တွေ့သမျှအရာ အားလုံးယုံကြည်နေသူတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ကလေးငယ် ငါးဦးမှာ အနည်းဆုံး ၁ ဦးက အင်တာနက်က အကြောင်းအရာအားလုံးအမှန်တွေပဲလို့ ယူဆထားကြတယ်လို့ ဆိနိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

လေ့လာခဲ့တဲ့ ကလေးငယ်တစ်ဝက်လောက်ကတော့ အချို့သော အကြောင်းအရာတွေဟာ ထုတ်ကုန်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး အသုံးပြုသူတွေထံ ရောက်အောင်ပို့ပေးတယ်ဆိုတာ နားလည်ထားကြပါတယ်။

ှSource & Photos : www.metro.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ