Lifestyle: ဘက်ထရီမကုန်တဲ့ စမတ်ဖုန်းမျက်နှာပြင်တွေ လာပြီ

စမတ်မျက်နှာပြင်လို့ခေါ်တဲ့ ဒီမျက်နှာပြင်တွေကိုသုံးရင် သင့်ရဲ့ဖုန်းကို တစ်ပတ်တစ်ခါလောက်ပဲ အားသွင်းရတော့မှာ ဖြစ်ပါတယ်။

play

စမတ်ဖုန်းနဲ့ တက်ဘလက်တွေမှာ အသုံးပြုတဲ့ ဖန်သားပြင်မျက်နှာပြင်အစား သတ္တုမျက်နှာပြင်တစ်ခုကို ဗြိတိန် သိပ္ပံပညာရှင်တွေက စမ်းသပ်တီထွင်လိုက်ပါတယ်။ သတ္တုမျက်နှာပြင် အသုံးပြုတဲ့ စမတ်ဖုန်းတွေအနေနဲ့ တစ်ပတ်ကို တစ်ကြိမ်လောက်သာ အားသွင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အများအားဖြင့်တော့ စမတ်ဖုန်းတွေရဲ့ ဘက်ထရီ ၉၀ ရာခိုင်နှုန်းလောက်က ဖန်သားပြင် မျက်နှာပြင်ကြောင့် ကုန်သွားစေတာပါ။ အခုတီထွင်လိုက်တဲ့ သတ္တုမျက်နှာပြင်ဟာ စမတ်ဖုန်းတွေမှာသာမက၊ တက်ဘလက်တွေနဲ့ စမတ်နာရီတွေမှာပါ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ “သာမန်ဖန်သားပြင်ကို သုံးရင်တော့ သင်တို့ရဲ့ စမတ်နာရီတွေက ညတိုင်းအားသွင်းရမှာပါ။ ဒါပေမယ့် စမတ်ဖန်သားပြင်ကို သုံးရင်တော့ တစ်ပတ်ကို တစ်ခါလောက်ပဲ အားသွင်းဖို့ လိုမှာ ဖြစ်ပါတယ်” လို့ အောက်စ်ဖို့တက္ကသိုလ်က ဒေါက်တာ ဟော်စိန်နီက ပြောပါတယ်။ သူက ဒီတီထွင်မှုကို ဦးဆောင်လုပ်ခဲ့သူ တစ်သီးပါ။

play

သာမန်စမန်ဖုန်းတွေကတော့ တစ်ရက်ကို အနည်းဆုံးတစ်ကြိမ် အားသွင်းရပါတယ်

ယနေ့ခေတ်နည်းပညာလောကမှာ စမတ်အီလက်ထရာနစ် ပစ္စည်းတွေအကြား ဘက်ထရီသက်တမ်းက အနှောင့်အယှက်တစ်ခု ဖြစ်နေတာကြောင့် အခုလို စမတ်ဖန်သားပြင်ကို စမ်းသပ်တီထွင်ကြတာ ဖြစ်ပါတယ်။ စမ်းသပ်တီထွင်ထားတဲ့ စမတ်ဖန်သားပြင်ဟာ နေရောင်အောက်မှာလည်း တိုက်ရိုက်အသုံးပြုနိုင်မှာ ဖြစ်ပြီး ဘက်ထရီစွမ်းအင်ကို သုံးစွဲမှာ မဟုတ်ပါဘူး။

Source & Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ