Lifestyle: အမေရိကန်ဂီတပွဲတော်က အလှဆုံးဝတ်စုံတွေ

နိုဝင်ဘာလ ၂၂ ရက်ညမှာ ကျင်းပတဲ့ အမေရိကန်ဂီပွဲတော်မှာ ဟောလိဝုဒ်ရဲ့ စွဲဖက်ဖွယ်အကောင်းဆုံးနဲ့ အခမ်းအနားဆုံး ဝတ်ဆင်ထားတဲ့ နာမည်ကြီးတွေ တက်ရောက်လာခဲ့ပါတယ်။

ဒါပေမဲ့ အကောင်းဆုံးလို့ ဆိုနိုင်တဲ့ ဝတ်စုံဆိုလို့ အနည်းငယ်ပဲ မြင်တွေ့ခဲ့ရပါတယ်။ ဂျန်နာတို့ညီအစ်မကတော့ အဲဒီထဲမှာ မဖြစ်မနေပါဝင်ခဲ့တာပေါ့။

play

 

ဆိုရှယ်မီဒီယာ ဘုရင်မ ကိုင်လီဟာ အပိုင်းပိုင်းလေးတွေဆက်ထားတဲ့ ပေါင်တစ်ဖက်ခွဲ ဝတ်စုံနဲ့ ဝံ့ဝံ့ကြွားကြွား လမ်းလျှောက်လာပုံက တကယ့်ကို အသက်ရှူမှားလောက်ဖွယ်ပါပဲ။

သူမရဲ့ အစ်မ ကန်ဒဲလ်ဟာလည်း အနည်းငယ် ရှေးဆန်တဲ့ အမည်းရောင်ဝတ်စုံနဲ့ သူမရဲ့ မော်ဒယ်ခန္ဓာကိုယ်ကို လှစ်ဟ ပြထားပါတယ်။

play

 

သူတို့ညီအစ်မနှစ်ရဲ့ သူငယ်ချင်း ဆယ်လီနာဂိုးမက်ဇ်ဟာလည်း ကြယ်တွေ အပြည့်တပ်ထားတဲ့ ဂါဝန်နဲ့အတူ ရောက်လာပါတယ်။

play

 

ဂျီဂျီဟက်ဒစ်က သူမရဲ့ မလုံတစ်လုံ အဖြူရောင်အင်္ကျီနဲ့ ကျက်သရေရှိလှတဲ့ အဖြူရောင် စကတ်တို့နဲ့ တစ်ယောက်တည်း ရောက်လာရင်း လူအားလုံးရဲ့ အာရုံစူးစိုက်မှုကို ရရှိခဲ့ပါတယ်။

play

 

ဘရွတ်ကလင်းဘက်ခမ်းရဲ့ ရည်းစားဟောင်း ကလိုဝီ ဂရေ့စ် မော်ရက်ဇ်ဟာ ဆိုရင်လည်း ကျက်သရေရှိလှတဲ့ အမည်းရောင် လက်ကြိုးတစ်ချောင်းဂါဝန်နဲ့ ထင်ပေါ်နေပါတယ်။

 

ဒါပေမဲ့ အပေါ်က ပြင်းထန်လှတဲ့ ယှဉ်ပြိုင်မှုတွေကို ကျော်လွန်ပြီး အဲဒီညမှာ အားလုံးနှစ်သက်ခဲ့တာကတော့ သြစတြေးလျ မင်းသမီး ရဘယ်လ် ဝဲလ်ဆန်ရဲ့ ဝတ်စုံပဲဖြစ်ပါတယ်။ သူမရဲ့ တလက်လက်တောက်ပနေတဲ့ ငွေရောင်ဂါဝန်က ဆုပေးပွဲနဲ့ အလိုက်ဖက်ဆုံးလို့ မပြောနိုင်ပေမယ့် အဲဒီဝတ်စုံကို သူမကိုယ်တိုင် ဒီဇိုင်းထုတ်ခဲ့တာဖြစ်ခဲ့တဲ့အတွက် လက်ခုပ်သြဘာ ပေးသင့်ပါတယ်။

www.mirror.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ