Lifestyle: မင်္ဂလာပွဲကျင်းပဖို့ အကောင်းဆုံးဟိုတယ်များ

, updated

ရန်ကုန်မှာ မင်္ဂလာဆောင်ကြမယ့် သတို့သားလောင်း၊ သတို့သမီးလောင်းတွေအတွက် မင်္ဂလာအခမ်းအနားကျင်းပဖို့ အကောင်းဆုံးဟိုတယ်တွေကို လမ်းညွှန်လိုက်ပါတယ်။

play

 

ဆိုရိုးစကားတစ်ခု ရှိပါတယ်။ " ယောက်ျားတွေက လက်ထပ်ဖို့အတွက် မင်္ဂလာဆောင်ကြပြီး မိန်းမတွေကတော့ မင်္ဂလာဆောင်ချင်လို့ လက်ထပ်ကြပါသတဲ့" ။ တစ်သက်မှာ တစ်ခါပဲ ကျင်းပရမယ့် မင်္ဂလာဆောင်အတွက်တော့ မိန်းကလေးတိုင်းက အကောင်းဆုံးဖြစ်ဖို့ စိတ်ကူးယဉ်ကြမှာပါ။ ရန်ကုန်မှာ မင်္ဂလာဆောင်ကြမယ့် သတို့သားလောင်း၊ သတို့သမီးလောင်းတွေအတွက် မင်္ဂလာအခမ်းအနားကျင်းပဖို့ အကောင်းဆုံးဟိုတယ် (၄) ခုကို လမ်းညွှန်လိုက်ပါတယ်။                                                                                           

၁။ Novotel Yangon Max

play

Accor ဟိုတယ်အုပ်စုဝင်ဖြစ်တဲ့အတွက် ခမ်းနားထည်ဝါမှုဟာ ပြောစရာလိုမယ်မထင်ပါဘူး။ ကြယ်ငါးပွင့်အဆင့်ရှိ နိုင်ငံတကာဟိုတယ်တစ်ခုဖြစ်ပြီး သိပ်မကြာခင်ကမှ ဖွင့်လှစ်ထားတာဖြစ်လို့ နိုဗိုတယ်ရန်ကုန်ဟာ သစ်လွင်တောက်ပနေပါတော့တယ်။ ပြည်လမ်းမပေါ်မှာ တည်ရှိပြီး သွားလာရ အဆင်ပြေတဲ့နေရာ ဖြစ်တာကြောင့် ဧည့်ခံပွဲကို လာသူတွေအနေနဲ့ ခက်ခက်ခဲခဲ ရှာဖွေရမှာမဟုတ်သလို ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာဖြစ်လို့ တက္ကစီ ငှားမယ်ဆိုရင်လည်း လွယ်ကူမှာပါ။ ဖွင့်လှစ်တာ မကြာသေးတဲ့ကာလအတွင်းမှာပဲ နိုဗိုတယ်က လက်ခံကျင်းပခဲ့တဲ့ ပွဲပေါင်း မနည်းလှတာကိုကြည့်ရင် သူ့ရဲ့ ဂုဏ်သတင်း ကျော်ကြားမှုကို သိနိုင်ပါလိမ့်မယ်။

၂။ Sedona

play

 

ကမ္ဘာအေးဘုရားလမ်းပေါ်က ဆီဒိုးနားဟိုတယ်ဟာ မင်္ဂလာစုံတွဲတွေအတွက် ရေပန်းအစားဆုံးဟိုတယ် ဖြစ်ခဲ့သလို ခုချိန်ထိလည်း မင်္ဂလာပွဲတွေ အများဆုံးကျင်းပရာ ဟိုတယ်တစ်ခု ဖြစ်နေတုန်းပါပဲ။ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံးဖြစ်ပြီး ကျယ်ဝန်းတဲ့ ခမ်းမကြီးတွေ တစ်ခုထက်မနည်းရှိတာကြောင့် မင်္ဂလာပွဲလေးခုလောက် တစ်ပြိုင်နက်တည်း ဆင်နွှဲလို့ရပါတယ်။ ဆီဒိုးနားက တည်ခင်းတဲ့ အစားအသောက်တွေကလည်း လူကြိုက်များခြင်းခံရပါတယ်။ စုံစမ်းမေးမြန်းမှုတွေအရ ဆီဒိုးနားမှာ မင်္ဂလာဆောင်ခဲ့တဲ့ ဇနီးမောင်နှံတိုင်း ဝန်ဆောင်မှုကို စိတ်ကျေနပ်ကြပါသတဲ့။

၃။ Sule-Shangrila (Traders)

play

 

အရင်က ကုန်သည်ကြီးများလို့ ခေါ်တွင်ခဲ့ပြီးတော့ ခုချိန်မှာ ဆူးလေ ရှန်ဂရီလာ ဖြစ်သွားတဲ့ ဒီဟိုတယ်ကတော့ မြန်မာနိုင်ငံ ဟိုတယ်သမိုင်းမှာ နာမည်ကောင်းတွေ အများကြီးရှိပြီးသားပါ။ ရန်ကုန်မြို့လယ်ခေါင်ဖြစ်တဲ့ ဆူးလေဘုရားလမ်းမပေါ်မှာ တည်ရှိပြီး ရန်ကုန်ဘူတာကြီးကနေ မိနစ် ၂၀ လောက် လမ်းလျှောက်ရင် ရောက်ပါတယ်။ သိပ်မကြာသေးခင်က ပြင်ဆင်မွမ်းမံမှုအသစ်တွေ ပြုလုပ်ထားတာဖြစ်လို့ ဟိုတယ်အတွင်းပိုင်းဟာဆိုရင် ယခင်ကထက် ပိုမိုပြည့်စုံလာပါတယ်။ သူက ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်ပါ။

၎။ Chatrium

play

 

တာမွေမြို့နယ်၊ နတ်မောက်လမ်းပေါ်မှာ တည်ရှိတဲ့ ဒီဟိုတယ်ကလည်း ကြယ် ငါးပွင့် အဆင့် နာမည်ကြီး ဟိုတယ်တစ်လုံး ဖြစ်ပါတယ်။ မင်္ဂလာပွဲ၊ ဧည့်ခံပွဲနဲ့ အခမ်းအနားတွေကို ဟိုတယ်အတွင်းပိုင်းမှာ ကျင်းပနိုင်သလို ညစာစားပွဲတွေအတွက် လှပတဲ့ မြက်ခင်းပေါ်မှာလည်း တည်ခင်းနိုင်ပါသေးတယ်။ ဟိုတယ်ရဲ့ အပြင်ဘက် အပြင်အဆင်ကို ကြည့်လိုက်ရင် လှပတဲ့ ရေကန်နဲ့ စဥ့်နဲ့ပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာ ရာဝင်အိုးကြီးတွေကတော့ လာရောက်သူတွေ အမှတ်တရ ဓာတ်ပုံရိုက်ဖို့အတွက် နေရာကောင်းတစ်ခု ဖြစ်မှာ သေချာပါတယ်။ ချက်ထရီယံဟိုတယ်ဟာ ပွဲစီစဉ်သူတွေရဲ့ မျက်စိအကျဆုံး နေရာတစ်ခုအဖြစ် ရပ်တည်နေတာလည်း ကြာလှပြီဖြစ်လို့ မင်္ဂလာဧည့်ခံပွဲ ကျင်းပမယ်ဆိုရင် စောစောစီးစီး ဘွတ်ကင်လုပ်ထားဖို့တော့ လိုအပ်မှာပါ။

Photo : www.ygnplace.com, www.transidus.co.uk ,www.chatrium.bolgspot.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ