Lifestyle: ခရစ်စမတ်ကာလအတွက် ပရီးမီးယားလိဂ်ရဲ့ လက်ဆောင်တွေ

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ဘောလုံးအသင်းတွေက ရောင်းချနေတဲ့ အမှတ်တရပစ္စည်းတွေကို စုဆောင်းချင်သူတွေအတွက် ဖော်ပြလိုက်ပါတယ်။

play

 

မကြာခင်ကျရောက်တော့မယ့် ခရစ်စမတ်ကာလမှာ ချစ်ခင်သူတွေကို အမှတ်တရပေးဖို့အတွက် လက်ဆောင်ပစ္စည်းလေးတွေကို အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ဘောလုံးအသင်းတွေက စတင်ရောင်းချနေပါပြီ။ ကိုယ်အားပေးတဲ့အသင်းရဲ့ အမှတ်တရပစ္စည်းတွေကို စုဆောင်းချင်သူတွေအတွက် သတင်းပါးလိုက်ပါတယ်။

play

 

ဝက်စ်ဘရွမ်းအသင်းက အဝတ်ညှပ်ကလစ်လေးတွေပါတဲ့ ဘူးတစ်ဘူးကို ၄.၄၉ ပေါင်နဲ့ ရောင်းချပါတယ်။ အဖြူရောင်နဲ့ အပြာရင့်ရောင် ကလစ်တွေက ဘောင်းဘီတွေနဲ့ ခြေအိတ်တွေကို ခွဲခြားချိတ်ထားဖို့အတွက်ပေါ့။

play

 

ချယ်ရီရောင် လုံခြုံရေးဦးထုပ်လေးကို ဘုန်းမောက်အသင်းက ၂၅ ပေါင် တန်ဖိုးရှိပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်က ဘုန်းမောက်ပရိသတ်တွေအတွက် အတော်လေး အသုံးတည့်မှာပါ။

play

 

ခရစ္စတယ်ပဲလေ့စ်ကတော့ အ၀ါရောင်ပေကြိုးဘူးလေးကို ၄.၉၉ ပေါင်နဲ့ ရောင်းချပြီး ဘူးပေါ်မှာ အသင်းရဲ့အမှတ်တံဆိပ်ကို ဖော်ပြထားပါတယ်။

play

 

ဆန်းဒါးလန်းပရိသတ်တွေထဲက ခွေးမွေးသူတွေကတော့ ၇.၉၉ ပေါင် တန်ဖိုးရှိ ကြိုးကလေးကို ၀ယ်နိုင်ပါတယ်။

play

 

၂၀၀၇ ခုနှစ်ကို ပြန်ရောက်သွားသလို ခံစားရမယ့် yo-yo အနီရောင်လေးကို ၄ပေါင်တည်းနဲ့  စတုတ်စီးတီးအသင်းက ရောင်းချတာပါ။

play

 

အဝါ၊ အစိမ်း၊ အပြာ၊ ပန်းရောင် ပါတဲ့ highlighter တစ်စုံတည်းမှ ၄ပေါင်ပါ။ ကျောင်းသားဘဝကို ပြန်အောက်မေ့စေမယ့် ချဲလ်ဆီးအသင်းရဲ့ လက်ဆောင်လေးပေါ့။

play

 

မတူကွဲပြားတဲ့ အကြံဉာဏ်နဲ့ အက်စတွန်ဗီလာအသင်းရဲ့ villa စာတမ်းလေးက ၅ပေါင်ပါ။

play

 

ဝက်စ်ဟမ်းအသင်းရဲ့ မီးဖိုချောင်သုံး အပူခံလက်အိတ်က ၁၂.၉၉ ပေါင် ပေးရပေမယ့် အသုံးတည့်မှာ သေချာပါတယ်။

play

 

ဂျာဂန်ကလော့ပ်လက်မှာ ပြန်လည်နိုးထလာတဲ့ သဘောများလား ထင်ရတဲ့ လီဗာပူးအသင်းရဲ့ ကြယ်လေးကို ၈ ပေါင်နဲ့ ဝယ်ယူပြီး ခရစ်စမတ်သစ်ပင်ထိပ်ဖျားမှာ တပ်ဖို့အတွက် သူ့ပရိသတ်တွေက ဝယ်ပြီးနေကြလောက်ပါပြီ။

play

 

အလုပ်စားပွဲပေါ်မှာ ခရစ်စမတ်ပင်လေး တင်ထားချင်ရင်တော့ မန်ယူအသင်းက ၁၀ ပေါင်နဲ့ ရောင်းချနေပါတယ်။

play

 

ချစ်စရာလည်းကောင်းသလို ဆောင်းတွင်းအတွက်လည်း အသင့်လျော်ဆုံးဖြစ်တဲ့ ဆွယ်တာလေးက နယူးကာဆယ်အသင်းရဲ့ လက်ဆောင်ပစ္စည်းပါ။ ၂၅ ပေါင် ပေးရပါလိမ့်မယ်။

play

 

ခရစ်စမတ်ပင်မှာ အလှဆင်ဖို့အတွက်တော့ ကြက်ဖရုပ် သေးသေးလေးတွေပါတဲ့ စပါးစ်အသင်းရဲ့ အလှဆင်ပစ္စည်းလေးကို ၅ ပေါင်နဲ့ ရနိုင်ပါတယ်။

play

 

မန်စီးတီးအသင်းက ၁၀ ပေါင်တန် သာမိုမီတာကို ရောင်းပါတယ်။

play

 

သမင်ချို အပြာရောင်လေးကို လက်စတာအသင်း ပရိသတ်တွေ ၂ပေါင်တည်းနဲ့ ရနိုင်ပါပြီ။

play

 

ဝက်ဖို့ဒ်အသင်းရဲ့ နှိုးစက်နာရီက ၁၅ ပေါင်ပါ။

play

 

ဆောက်သမ်တန်အသင်း တံဆိပ်နဲ့ ဖန်ခွက်လေးက ၇ပေါင်ပါ။

play

 

ကားထဲမှာ အလှဆင်နိုင်မယ့် ပစ္စည်းလေးက အာဆင်နယ်အသင်းပရိသတ်တွေ သဘောကျမှာပါ။ ၅ ပေါင် တန်ပါတယ်။

play

 

၁၅ ပေါင် တန်ဖိုးရှိ ဆွမ်ဆီးအမှတ်တံဆိပ် ရေမွှေး။

play

 

မုတ်ဆိတ်ရိတ်ပြီးရင် အသုံးပြုဖို့အတွက် အဲဗာတန်အသင်းရဲ့ ၁၅ ပေါင်တန် after shave

play

 

အားလုံးထဲမှာ ဈေးအကြီးဆုံးက နောဝှစ်ခ်ျအသင်းရဲ့ စိမ်းဝါကျားဝတ်စုံဖြစ်ပါတယ်။ ပေါင် ၄၀ ပေးရပါတယ်။

 

Source and Photo : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ