Lifestyle: မြန်မာနိုင်ငံကို လည်ပတ်ဖို့အချိန်ရောက်ပါပြီ

ပုဂံဟာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် နေရာတစ်ခုပါ။ မြန်မာပြည်ကို အလည်လာမယ်ဆိုရင် ပုဂံရဲ့ အလှအပနဲ့ ယဉ်ကျေးမှု ထုံလွှမ်းထားတဲ့နေရာပါ။

play

 

ဗြိတိန်နိုင်ငံရဲ့ နာမည်ကျော် သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ Daily Mail သတင်းဌာနက မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ အချိန်ရောက်ပြီလို့ ရေးသားလိုက်ပါတယ်။

play

 

မြန်မာနိုင်ငံရဲ့ လှပတဲ့ရှုခင်းတွေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ မကုန်ခမ်းနိုင်တဲ့ သယံဇာတ အရင်းအမြစ်တို့ တည်ရှိရာ နေရာတွေကို သွားရောက်ဖို့ တွန့်ဆုတ်မနေသင့်တော့ပါဘူးတဲ့။ ချင်းတွင်းမြစ်ရဲ့ အလှအပ၊ စည်ကားလွန်းလှတဲ့ ရန်ကုန်မြို့အပါအဝင် ရွှေရောင်လွှမ်းထားတဲ့ စေတီပုထိုးတွေရှိရာ မြန်မာပြည်ဟာ ရင်သပ်ရှုမောစရာ အလှအပတွေ အများကြီး ရှိနေပါတယ်။

play

 

မြန်မာနိုင်ငံကို သွားသင့်တဲ့အကြောင်းရင်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာကိုလည်း ထည့်သွင်းဖော်ပြထားပါသေးတယ်။

Source and photo : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ