Lifestyle: လူမှုကွန်ယက်မှာ အန္တရာယ်မဖြစ်အောင် ဘယ်လိုအသုံးပြုမလဲ

, updated
play

 

Photo: www.bloggingpro.com

တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ လူတိုင်းလိုလို အသုံးပြုနေကြတာကတော့ လူမှုကွန်ယက်ပဲ ဖြစ်ပါတယ်။

လူမှုကွန်ယက်တွေဟာ စိတ်ကိုပေါ့ပါးစေနိုင်သလို ပင်ပန်းမှုတွေများပြားနေတဲ့ ပတ်ဝန်းကျင်ကနေ ခဏထွက်ပြီး ကိုယ်ပိုင်ကမ္ဘာလေးတစ်ခု ဖန်တီးယူနိုင်ပါတယ်။

ဒါပေမဲ့ လူမှုကွန်ယက်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မခံစားရဖို့အတွက် လုံခြုံစိတ်ချစွာ အသုံးပြုသင့်ပါတယ်။

» အပြင်ကနေ မိတ်ဖွဲ့လွှာတွေကို လက်မခံခင် ၄င်းတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အရင် ၀င်ရောက်ကြည့်ရှုပြီးမှသာ လက်ခံသင့်ပါတယ်။ (ဥပမာ - BeeTalk ရဲ့ “Look Around” feature မှာ ဆိုရင် သူစိမ်းသူတွေပေးပို့တဲ့ မိတ်ဖွဲ့လွှာကို လက်မခံခင် ၊ ၄င်းတို့ရဲ့ ကိုယ်ရေးအချက်အလက်ကို အရင် လေ့လာပြီးမှ လက်ခံပါ။ သူစိမ်းသူတွေ မိမိ Account ထဲမှာ မရှိစေချင်ရင် “Look Around” feature ကို ပိတ်ထားလို့လည်းရပါတယ်။)

» လူမှုကွန်ယက်မှာ ရေပန်းစားနေတဲ့အရာတွေနဲ့ တွေ့ရတဲ့သူတွေတိုင်းဟာ အမှန်မဟုတ်ပါဘူး။ မဟုတ်မမှန် အပုပ်ချတာတွေ၊ အတင်းအဖျင်းတွေနဲ့ အတုအယောင်ဖန်တီးမှုတွေလည်းရှိနေတတ်လို့ အကြောင်းအရာတစ်ခုကို မှန်၊ မမှန် လေ့လာပြီးမှ အတည်ပြုပါ။ သူစိမ်းသူနဲ့ အပြင်မှာတွေ့ဆုံဖြစ်တယ်ဆိုရင် တစ်ယောက်တည်းမသွားပါနဲ့။

» အမုန်းပွားဖွယ်ရာစကားများပြောဆိုခြင်းကိုလည်း လူမှုကွန်ယက်တွေမှာ ရှောင်ကျဉ်သင့်ပါတယ်။

» သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေသူတွေကို ထိရောက်စွာ “Report” ပြုလုပ်ဖို့အတွက် သက်သေအထောက်အထား စုဆောင်းပြီးမှ ဆောင်ရွက်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ