Lifestyle: ပါးစပ်အဟောင်းသား ဖြစ်သွားစေတဲ့ အမျိုးသမီးစက်ရုပ်

ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်က ကွန်ပျူတာနည်းပညာ ပါမောက္ခ အီရှီဂူရိုက တီထွင်ခဲ့တဲ့ ဒီစက်ရုပ်ကို လူတိုင်း ချီးကျူးကြပါတယ်။

play

 

၂၀၁၅ ကမ္ဘာ့စက်ရုပ်ပြပွဲကို တရုတ်နိုင်ငံ ဘေဂျင်းအမျိုးသားကဇာတ်ရုံမှာ ယခုလ ၂၃ ရက်ကနေ ၂၄ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။

အဲ့ဒီပွဲက အမျိုးသမီးစက်ရုပ်တစ်ရုပ်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရှုရသူတိုင်း အံ့သြဘနန်းဖြစ်သွားခဲ့ရတယ်။ Ex Machina ဇာတ်ကားကို ကြည့်ဖူးကြမယ်ဆိုရင် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေဟာ တစ်ချိန်မှာ အမှန်တကယ် ဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်း ဒီစက်ရုပ်က သက်သေပြသွားပါတယ်။ လူ့အသားအရည်နဲ့ တူညီပြီး စကားပြန်လည်ဖြေဆိုနိုင်မှုတွေ၊ အသွင်အပြင်တွေက လူသားအစစ်နဲ့မခြား တူညီနေပါတယ်။ မေးခွန်းဖြေဆိုမှုနဲ့ တုံ့ပြန်နိုင်စွမ်းတွေမှာ မြင့်မားတဲ့ အသိဉာဏ်နဲ့ တုံ့ပြန်နိုင်စွမ်းရှိပါတယ်။

play

 

သူမရဲ့နာမည်က ဂျင်မီနွိုက် အက်ဖ် ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်က ကွန်ပျူတာနည်းပညာ ပါမောက္ခ အီရှီဂူရိုက တီထွင်ခဲ့တာပါ။

Source and Photo : CCTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ