Lifestyle: သင် ကြောင်မွေးဖို့ တကယ် အဆင်သင့်ဖြစ်ရဲ့လား

အိမ်မှာထားပြီးမှ စိတ်ညစ်မနေရအောင် ဘယ်လို အိမ်မွေးတိရစ္ဆာန်ကိုမဆို မမွေးခင် ကြိုတင်စဉ်းစားသင့်ပါတယ်။

play

 

ကြောင်လေးတွေကို တစ်ခါမှ မမွေးဖူးဘဲ အိမ်မှာ စတင်မွေးဖို့ စဉ်းစားနေပါသလား။ ဒါဆိုရင်တော့ ဒီမေးခွန်းလေးတွေ အရင်ဖြေကြည့်ပါဦး။ ဒါတွေ ဖြေပြီးမှ မွေးသင့်၊ မမွေးသင့် ဆုံးဖြတ်စေချင်ပါတယ်။

ကြောင်လေးတွေရဲ့ အသဲယားစဖွယ် ပုံလေးတွေကိုပဲ ကြည့်ပြီး မွေးချင်တာလား။ ကြောင်တွေ ဆိုးဆိုးရွားရွား ပြုမူတာတွေလည်း ရှိတတ်တာကို သတိပြုသင့်ပါတယ်။ ကြောင်က ခွေးတစ်ကောင်လိုလုပ်ပြနေတာကြည့်ပြီး မွေးမယ်မကြံပါနဲ့။ သင့်အိပ်ယာပေါ်မှာ ရှုးပေါက်ချနိုင်တာကိုလည်း ထည့်တွက်ပါ။

သင်က အိမ်မှာ အနေနည်းတဲ့လူလား။ အိမ်မှာ အနေနည်းတယ်ဆိုရင် အိမ်မွေးတိရစ္ဆာန်တွေကို မမွေးတာကောင်းပါတယ်။ သင်မရှိတုန်း သူတို့အတွက် အစာရေစာ ပြတ်လပ်နိုင်သလို သင့်အခန်းကို ဖွထားတဲ့ဒဏ်ကို ခံနိုင်ရည်ရှိမှ ကြောင်မွေးပါ။

play

 

သင့်မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ရှိနေပါသလား။ ကြောင်လေးတွေက ချစ်ဖို့ကောင်းပေမယ့် သူတို့ရဲ့ အမွှေးတွေက ကျွတ်လွယ်လွန်းပါတယ်။ အမွှေးတွေက သင့်ပတ်ဝန်းကျင်နဲ့ သင့်ခန္ဓာကိုယ်မှာ ကပ်ငြိနိုင်ပြီး နှာခေါင်းထဲ ဝင်နိုင်တာကို မမေ့သင့်ပါဘူး။

တိရစ္ဆာန်တစ်ကောင်ကို အလှကြည့်ရုံသက်သက် မွေးဖို့ဆိုတာထက် ကျွေးမွေးပြုစု စောင့်ရှောက်လိုစိတ် အမှန်တကယ် ရှိနေမှသာ မွေးသင့်ပါတယ်။

Photo : www.petfinder.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ