Lifestyle: ငယ်ငယ်က ကစားခဲ့တဲ့ ကစားနည်းများ

ငယ်ငယ်က ပျော်ပျော်ကြီး ကစားခဲ့တဲ့ ကစားနည်းတွေဟာ ခုချိန်မှာတော့ ပျောက်ကွယ်လုနီးပါး ဖြစ်သွားပါပြီ။ အကြောင်းကတော့ နည်းပညာခေတ်ထဲမှာ မိုဘိုင်းထုတ်ကုန်တွေနဲ့ အချိန်ကုန်နေကြလို့ပါပဲ။

၁၉၉၀ နောက်ပိုင်းမှ မွေးလာသူတွေအတွက်တော့ စိတ်မကောင်းစရာပါပဲ။ တိုးတက်လာတာနဲ့အမျှ ခေတ်မီအဆောက်အဦတွေ၊ မိုးမျှော်တိုက်တွေ များပြားလာပြီး ကလေးတွေအတွက် ဆော့ကစားဖို့နေရာ ကျဉ်းမြောင်းလာပါတယ်။ တချို့ ကစားနည်းတွေဆိုရင် အခုခေတ် ကလေးတွေက မသိကြတော့ပါဘူး။ ငယ်ငယ်က ကစားခဲ့ပြီး ယခုတော့ ပျောက်ကွယ်လုနီးပါး ဖြစ်ကုန်တဲ့ ကစားနည်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ရွှေစွန်ညို

အဖွဲ့လိုက် ကစားရတာဖြစ်ပြီး သူ့ရဲ့ ကဗျာလေးကို ရွတ်ရင်း ဆော့ရတာပါ။ ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်.. အစချီကာ မထွေးကို ဖမ်းရတဲ့ ကစားနည်းပေါ့။

၂။ တူတူပုန်း

 

ဖမ်းတဲ့လူက သစ်ပင်တစ်ပင်မှာ မျက်စိကိုမှိတ်ကာ အမှတ်စဉ်ရွတ်ရပါတယ်။ အမှတ်စဉ်ရွတ်နေတုန်း ကျန်တဲ့လူတွေက ပုန်းကာ ဖမ်းတဲ့လူက တွေ့အောင်ရှာရတာပါ။

၃။ စိန်ပြေးတမ်း

 

ပြေးနေတဲ့ တစ်ဖွဲ့လုံးထဲက တစ်ယောက်ယောက်ကို မိအောင်လိုက်ဖမ်းရတာ ဖြစ်ပါတယ်။

၎။ ကြိုးခုန်

 

အများအားဖြင့်တော့ မိန်းကလေးတွေ ကစားကြပါတယ်။ သားရေကြိုးကို ခြေသလုံး၊ ဒူး၊ ခါး၊ ရင်၊ လက်တစ်လံ အမြင့်တွေနဲ့ လွတ်အောင် ခုန်ရတာပါ။

Photos : ပင်လယ်ပြာ ဖေ့စ်ဘွတ်၊ www.shawhunter.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ